Skip to main content

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) မှ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာ

နေပြည်တော် နိုဝင်ဘာ ၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) မှ ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြသည်။

လေ့လာရေးအဖွဲ့သည် အမျိုးသားပြတိုက်တွင် ခင်းကျင်းပြသထားသည့် လက်ဆောင်ပစ္စည်းများပြခန်း၊ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်ပြခန်း၊ သီဟသနပလ္လင်ပြခန်း၊ မြန်မာ့လက်မှုအနုပညာ ပြခန်း၊ အာဆီယံပြခန်း၊ ဗုဒ္ဓအနုပညာပြခန်း၊ နိုင်ငံတော်သမ္မတများအသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့် ကလေးသူငယ်ပညာ ပေးပြခန်းများကို စိတ်ဝင်တစားအသေးစိတ်လေ့လာကြည့်ရှုကြရာ အမျိုးသားပြတိုက်မှတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါ လေ့လာရေးခရီးစဉ်တွင် ညွှန်ကြားရေးမှူးချုပ်၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၆ ဦးတို့က သွားရောက်လေ့လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်