Skip to main content

Jun 16, 2025

နိုင်ငံတော်အစိုးရအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲများ ဖြေဆိုနိုင်ရန် ဧပြီ ၂၈ ရက်မှစတင်ကာ သတ်မှတ်ထားသည့် မြို့နယ်များရှိ ကျောင်းများ၌ လေ့ကျင့်သင်ကြားရေးစခန်း (Camp) များ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပြီး စာမေးပွဲပြန်လည်ကျင်းပမည့်ရက်အား ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိသတ်မှတ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရေး မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် ပုလဲရတု နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ ထူးသစ်ရေချိုငါး/ပုစွန် အစာတောင့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ပူးပေါင်းစီစဉ်မှုဖြင့် ယနေ့နံနက် ၆ နာရီတွင် နေပြည်တော် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ရင်ပြင်၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ်အခမ်းအနား ယောဂ သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများဆုံးရှုံးပြီး ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက် အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဥပဒေမဲ့ လုပ်ဆောင်လျက်ရှိသည်။   

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံ့မျိုးဆက်သစ်ကလေးငယ်များ၏ ပညာရေးတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင် ကျောင်းများဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်စာများပေးပို့ခြင်း၊ ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက် ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ် ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခိုလမ်တပ်နယ်ရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား ကျောင်းသူများအတွက် (ပထမအကြိမ်) ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် ပညာသင်စရိတ်များ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၄)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကဆောင်ရွက်နေသည့် ရုပ်ရှင်မြို့တော်စီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်၍ သစ်ပင်များစိုက်ပျိုးပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့နိုဗိုတယ်ဟိုတယ်၌ ကျင်းပလျက်ရှိသော 5th International Scientific and Practical Conference “Global Biosecu-rity Challenges, Problems and Solutions” ညီလာခံ၏ ဒုတိယနေ့အစီအစဉ်များကို ဇွန် ၁၁ က ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဆက်လက်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၃ ရက်က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရေလှောင်တမံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့် ယနေ့နံနက် ၆ နာရီတွင် နေပြည်တော် သတ္တသတ္တာဟ မဟာဗောဓိစေတီ တော်ရင်ပြင်၌ ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ် အခမ်းအနားယောဂသရုပ်ပြ လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီး၏ တောင်ဘက်၊ နေပြည်တော်ဘူတာနှင့် ရွာတော်ဘူတာအကြားရှိရထားလမ်းဘေး ဝဲ/ယာ နယ်နိမိတ်အတွင်းရှိ စိုက်ကွက်နှစ်နေရာတို့တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

သစ်ပင်သည် လူသားများအတွက် အရိပ်အာဝါသပေးခြင်း၊ ပတ်ဝန်းကျင်ကို သာယာလှပစေခြင်း၊ လူသားများအတွက် အသုံးအဆောင်ပစ္စည်းများဖန်တီးပေးခြင်း၊ အကျိုးစီးပွားဖြစ်ထွန်းခြင်း စသည့်အကျိုးကျေးဇူးများကိုသာ ယေဘုယျသိရှိထားကြသည်။ အမှန်တကယ်တွင် သစ်တောသစ်ပင်များသည် လူသားများအတွက် အသုံးကျစေသည်သာမက သဘာဝပတ်ဝန်းကျင်ကောင်းမွန်မှုကို ထိန်းသိမ်းပေးလျက်ရှိသည့် အကျိုးကျေးဇူး ကြီးကြီးမားမားရှိနေသည်ကို သတိမူကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2025

​​​​​​​နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းရာတွင် သဘာဝပတ်ဝန်းကျင်ဘက်က ပေးဆပ်ရစမြဲဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် လူတို့၏ အလွန်အကျွံထုတ်ယူသုံးစွဲမှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာခြင်း၊ သယံဇာတအရင်းအမြစ်များ ရှားပါးလာခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ပေါ်လာခြင်းတို့ ကြုံတွေ့လာရသည့်အခါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် သယံဇာတထုတ်ယူ သုံးစွဲမှုလျော့နည်းကျဆင်းလာအောင်၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်မလာအောင်တို့ကိုပါ ထည့်သွင်းစဉ်းစားအလေးထားလုပ်ဆောင်လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 15, 2025

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ်(၂)ရပ်ကွက်၊ မြို့သစ်အမှတ်(၃)ရပ်ကွက်၊ မြို့သစ်အမှတ်(၄)ရပ်ကွက်နှင့် အောင်ပင်လယ်ရပ်ကွက်တို့ရှိ အခြေခံပညာကျောင်းများ၌ ပြန်လည်ကျင်းပမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှု၊ မေးခွန်းနှင့် အဖြေလွှာများ ထိန်းသိမ်းထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး အတွက်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ဆရာ၊ ဆရာမများအတွက် စားသောက်ဖွယ်ရာများပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 15, 2025

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

ဆက်လက်ဖတ်ရှုရန်