Oct 18, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခု ထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Oct 18, 2023
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် အဆင့်မြင့်အရာရှိများသည် အောက်တိုဘာ ၁၅ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘားမားခရိုင်၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် တရုတ်-အာဆီယံတိုင်းရင်းဆေးနှင့် ကျန်းမာရေးအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ တက်ရောက်ကြသည်။
Oct 18, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်သို့ သွားရောက်၍ ကန် (၁၀၀) ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးကုန်ထုတ်သမဝါယမအသင်း ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Oct 18, 2023
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ရာသီပန်းပျိုးပင်များ ပြုစုပျိုးထောင်ထားရှိမှု၊ သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ မြို့နယ် ၁၂ မြို့နယ်၏ ပန်းကွက်ဖော် ဆောင်ရွက်နေမှု၊ အလှဆင်မီးပန်း သစ်ပင်များ၊ မီးဆိုင်းများ၊ ဖျော်ဖြေ ရေးစင်မြင့်၊ စားသောက်ဆိုင်ခန်းနှင့် ဈေးဆိုင်ခန်းများ ထားရှိရန် ပြင်ဆင်ထားမှုများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
Oct 18, 2023
နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့် ဇော်ထူးသည် ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ တာဝန်ရှိသူများနှင့်အတူ ယမန် နေ့နံနက်ပိုင်းက ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကမော့လဲ- တခွက်ဖိုး (ပန်တော်မှီ) ကျောက် လမ်း သုံးမိုင် ကတ္တရာထပ်ပိုး လွှာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မြိုင်ကြီးငူ မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းသို့ ရောက်ရှိ၍ ကျောင်း ဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
Oct 18, 2023
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။
Oct 18, 2023
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မြန်မာအီလက် ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေး ခြင်းများကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မင်္ဂလာဒီပရပ်ကွက်၊ သပြေတန်း ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အုပ်စု၊ ကျည်တောင် ကန်ကျေးရွာ အုပ်စုနှင့် ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဇဝနဒီပရပ်ကွက်၊ ဝဏ္ဏဒီပ ရပ်ကွက်၊ ရတနာဒီပ ရပ်ကွက်၊ သစ်ယာကုန်းကျေးရွာအုပ်စုနှင့် ကျည်တောင်ကန် (၆) ရပ်ကွက်တို့ မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်း ရေးမှူးများ၊ ပါတီကိုယ်စားလှယ် များနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်၍ လက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆောင် ရွက်ကြသည်။
Oct 18, 2023
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြို့နယ် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 18, 2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ ဆီထွက် သီးနှံများ လျာထားဧကထက် ပြည့်မီ ကျော်လွန်စွာ စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပြီး စိုက်ပျိုးသီးနှံများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Oct 18, 2023
တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်လျက် ရှိသည်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် ဖက်ဒရယ်ဟူသည့် ပေါင်းစည်းနေထိုင်ခြင်း၊ သဟဇာတ ဖြစ်ခြင်း၊ ခွဲဝေခံစားခြင်း၊ အုပ်ချုပ်မှုတာဝန် ခွဲဝေလုပ်ဆောင်ခြင်းတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံနှင့် လိုက်ဖက်ဆီလျော် သင့်မြတ်သည့်စနစ်ဖြစ်သည်။ ပြည်သူအားလုံး၏ ဆန္ဒ၊ နိုင်ငံတော်၏အနာဂတ် ရည်မှန်းချက်လည်းဖြစ်သည်။
Oct 18, 2023
မျက်မှောက်ကာလ နိုင်ငံတကာဆက်ဆံရေးတွင် အင်အားက အရေးပါသည်။ နိုင်ငံတစ်နိုင်ငံသည် အင်အားတောင့်တင်းသည့် (Strong State) လား၊ အင်အားနည်းသည့် (Weak State) လား၊ ဘက်ပေါင်းစုံမှာ အရေးနိမ့်နေသည့် (Failed State) လား၊ သို့မဟုတ် ဗုန်းဗုန်းလဲသွားပြီဖြစ်သည့် (Collapsed State) လား စသည်ဖြင့် အဆင့်ဆင့်ရှိသည်။ အင်အားကြီးလျှင် မျက်နှာကြီးရာ ဟင်းဖတ်ပါ၍ အင်အားနည်းလျှင် မြေနိမ့်ရာ လှံစိုက်ခံရမည်။ နာလန်မထူ၊ ဗုန်းဗုန်းလဲသည့်ဘဝဆိုပါက လူမလေး ခွေးမခန့် အဖြစ်သို့ ရောက်သွားမည်။
Oct 17, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက် တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 17, 2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း အောက်တိုဘာလ ၇ ရက်နေ့ မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးမှုသဘာဝဘေးအန္တရာယ်ကြောင့် ရထားလမ်းများ ပျက်စီးခဲ့မှုများကို မြန်မာ့မီးရထားအနေဖြင့် အမြန်ဆုံးမွမ်းမံပြင်ဆင်မှု ဆောင်ရွက်နိုင်ခဲ့သောကြောင့် အောက်တိုဘာလ ၁၄ ရက်နေ့မှစ၍ ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များကို ပုံမှန်ပြန်လည် ပြေးဆွဲပေးလျက်ရှိသည်။
Oct 17, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၆-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၈၆၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၇) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Oct 17, 2023
၂၀၂၃ ခုနှစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဇာတ်လမ်းတိုပြိုင်ပွဲတွင် ဇာတ်လမ်းတိုရုပ်ရှင်ကားများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖိတ်ခေါ်ထားပြီး Top Ten ဝင် ဇာတ်လမ်းတိုရုပ်ရှင်ကားများကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များသို့ ပေးပို့ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နိုင်ငံတကာဆက်ဆံရေးကော်မတီမှ သိရသည်။
Oct 17, 2023
နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)၌ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ်(၉)နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကေတုမတီခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့်တကွတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
