Jun 10, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများ အဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jun 10, 2023
တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များကလှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
Jun 10, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့်မှော်ဝန်းချောင်းကြားနေရာရှိ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Jun 10, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၉-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၉၀၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၆၇) ရာခိုင်နှုန်း ရှိပါသည်။
Jun 10, 2023
(က) အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area)သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအား နည်းရပ်ဝန်း(Well Marked Low Pressure Area)သည် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area) အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။
Jun 10, 2023
ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်း ရပ်ဝန်း (Well Marked Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်း ကမ်းခြေ - မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုး တန်းမြောက်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေ ပါသည်။
Jun 10, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အား ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်း လိုသော စေတနာရှင်ပြည်သူများ အနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jun 10, 2023
အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Jun 10, 2023
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိသည်။ MSME ခေါ် သေး၊ ငယ်၊ လတ် စီးပွားရေး လုပ်ငန်းများမှာ မိမိတို့နိုင်ငံတွင် အများစုလုပ်ကိုင်နေ ကြပြီး အဓိကမောင်း နှင်အား လည်းဖြစ်ရာ MSME များကို အားပေးဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းစီးပွားရေးကို မြှင့်တင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန်လည်း ရည်ရွယ်သည်။
Jun 10, 2023
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)သို့ သွားရောက်၍ ယူရီးယား ဓာတ်မြေဩဇာ ထုတ်လုပ်မှုနှင့် စက်လည်ပတ်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Jun 10, 2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရန္တပိုကျေးရွာအနီးရှိ ဧရာဝတီမြစ် ရေလမ်းကြောင်းအခြေ အနေကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာအမျိုးသားကော်မတီ အဖွဲ့ဝင် ဦးကြည်သာ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေး သည်။
Jun 10, 2023
ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်း ရပ်ဝန်း (Well Marked Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်း ကမ်းခြေ - မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေ ပါသည်။
Jun 10, 2023
မိမိတို့ဝန်ကြီးဌာနနှင့် ပတ်သက်သည့် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လမ်းညွှန်ချက်များကို တာဝန်ရှိသူအားလုံးက မျက်ခြည်မပြတ် လေ့လာမှတ်သားပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များအဖြစ်ခံယူ၍ ကျရာအခန်း ကဏ္ဍများက ကြိုတင်ပြင်ဆင်ခြင်း နှင့် လုပ်ငန်းအကောင်အထည် ဖော်ခြင်းကို ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ယနေ့ပြောကြားသည်။
Jun 10, 2023
၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း အားကစား လှုပ်ရှားဆောင်ရွက်မှု အမြင့်မားဆုံးဆုများနှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓာတ်ပုံ) ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပ သည်။
Jun 10, 2023
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲတွင် Naypyitaw State Academy သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာ သင်ယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ ဒုတိယနှစ်ဝက် ပညာသင်ကာလအစကတည်းက အပတ်တကုတ် သင်ယူလေ့လာကြစေလိုကြောင်း၊ ဆရာ ဆရာမများ သင်ကြားသည်ကို နားလည်သည်အထိ သင်ယူမှတ်သားရမည်ဖြစ်သကဲ့သို့ အင်တာနက် နှင့် စာကြည့်တိုက်မှ ဖြည့်စွက်လေ့လာကြရမည်ဖြစ်ကြောင်း၊ ဘဝရည်မှန်းချက်ပန်းတိုင်ချမှတ်ပြီး ရည်မှန်းချက် ပေါက်မြောက်အောင်ကြိုးစားလျှင် အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။
Jun 10, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် ယမန်နေ့က ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာဇန်မြို့ IT Park ၌ ကျင်းပသော “Shaping the Future” ပညာရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Jun 10, 2023
စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန၏ အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါရုံးခွဲ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားသည်။
Jun 10, 2023
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ် မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 10, 2023
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားရှိသော နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင် ညွန့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ စက်မှုဝန်ကြီးဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့မှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
Jun 10, 2023
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။