Skip to main content

May 01, 2024

မြန်မာနှင့်ထိုင်းလေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးသွားရောက်ရန် ဧပြီ ၃၀ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၁၈၄.၄၆) မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်စက်ရုံ (၂၉) ရုံ၏ တပ်ဆင်စက်အင်အား (၃၂၂၈) မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ (၂၇) ရုံ၏ တပ်ဆင်စက်အင်အား (၃၆၃၈.၃၆၄) မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးစက်ရုံ (၂) ရုံ၏တပ်ဆင် စက်အင်အား (၁၃၈) မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ (၆) ရုံ၏ တပ်ဆင်စက်အင်အား (၁၈၀) မဂ္ဂါဝပ်တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့်စက်များ၏ စက်တပ်ဆင်အင်အားမှာ ၇၁၈၄.၄၆ မဂ္ဂါဝပ်အထိရှိပါသည်။ နိုင်ငံတော်၏ လိုအပ်ချက်မှာ နှစ်စဉ် (၉%) တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၄၃) မဂ္ဂါဝပ် လိုအပ်သည်။ ထိုသို့ရှိသော်လည်း တပ်ဆင်အင်အားအတိုင်း စက်များအားစွမ်းအားပြည့်မောင်းနှင်နိုင်ပါက လုံလောက်မှုရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2024

ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို ယနေ့နံနက် ၈ နာရီခွဲက ပြန်လည်ဖွင့်လှစ်ခဲ့ကာ ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများ ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 01, 2024

ပြည်တွင်း ဖူလုံစွာစားသုံးနိုင်ရေးနှင့် နိုင်ငံခြားငွေတိုးတက် ရှာဖွေပေးနိုင်သည့် ပြည်ပပို့ကုန်အဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ရေသတ္တဝါ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ ညနေပိုင်းက နေပြည်တော် ရုံးအမှတ်(၃၆)၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ဘုရားများ၏သမိုင်းကြောင်း၊ အချက်အလက်များ၊ အနုလက်ရာဗိသုကာအမွေအနှစ်များကို Online၊ Offline တို့ဖြင့် လေ့လာနိုင်ရန် အတွက် Pagoda Digital Directory ပြုလုပ်ခြင်းဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးနှင့် သန်လျင်လူငယ်သင်တန်းကျောင်းများသို့ သွားရောက်စစ်ဆေးရာ လူမှုဝန်ထမ်းဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူးနှင့် လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်တို့က လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မြို့နယ်ရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားနှင့် လူမှုဖူလုံရေး-ကောင်းဇေ အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒသမတန်းလူရည်ချွန်ကျောင်းသား ကျောင်းသူများသည် အင်းလေးဒေသအတွင်းရှိ အင်းလေးကန်၊ ဟဲယာရွာမကျေးရွာရှိ ငွေထည်လုပ်ငန်း၊ အင်းလေးဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရားတို့ကို ဧပြီ ၃၀ ရက်က ဖူးမြော် ကြည်ညို လေ့လာခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်