Skip to main content

Nov 18, 2023

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် UV Automotive Co., Ltd. မှ တင်သွင်းလာ‌သော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Education Management Information System –EMIS ) သည် ASOCIO 2023 Digital Government Award ရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

နယူးယောက်မြို့၌ ကျင်းပနေသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူတို့၏ အစီရင်ခံစာများအပေါ် ပူးတွဲရှင်းလင်း ဆွေးနွေးမှုများကို ၂၃-၁ဝ-၂ဝ၂၃ ရက်တွင် ပြုလုပ်ခဲ့သည်။ ထို့အပြင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုကို သက်ဆိုင်ရာ မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိဘဲ ၁၅-၁၁-၂၀၂၃ ရက် တွင် အတည်ပြုချမှတ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ ထွန်းကားလာသော မျက်မှောက်ကာလတွင် လူသားအကျိုးပြု ကောင်းသောလုပ်ဆောင်မှုများ ရရှိလာကြသည်ကို ကြိုဆိုရမည်ဖြစ်သလို တစ်ဖက်တွင် အဆိုပါ တိုးတက်ဖြစ်ထွန်းမှုကို အသုံးပြု၍ ပြည်သူအများ လူမှုစီးပွားဘဝ တည်ငြိမ်မှုပျက်ပြားစေရန် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်မှုများ၊ စိုးရိမ်ပူပန်မှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများကို သတိပြုရ မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2023

ယခုတလော သတင်းတု၊ သတင်းမှားများနှင့်ကောလာဟလအမျိုးမျိုးတို့ တစ်ကြိမ်ပြီးတစ်ကြိမ်၊ တစ်မျိုးပြီးတစ်မျိုး မရိုးအောင် မသမာသူတို့က ထုတ်လွှင့်နေကြသည်။ လတ်တလော ဖြစ်ပွားနေသည့်တိုက်ပွဲဖြစ်စဉ်များမှသည် စက်သုံးဆီကိစ္စ၊ ဘဏ်ကိစ္စ၊ ဝန်ထမ်းအဖွဲ့အစည်းများအတွင်း လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းရန်စေခိုင်းသည်ဆိုသည့်ကိစ္စတို့အထိ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်လိုက်သည့် လုပ်ကြံသတင်းများမှာ နိုင်ငံနှင့်ပြည်သူ လူထုအတွင်း မတည်မငြိမ်ဖြစ်စေရန်၊ အကျပ်အတည်းများဖြစ်စေရန်၊ အာရုံအမျိုးမျိုး ရှုပ်ထွေးဝေဝါးစေရန်ပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံတော်တွင်ကျင့်သုံးလျက်ရှိသည့် ဈေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေသည့် အမျိုးမျိုးသော ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး၊ ဘဏ်နှင့်ဆက်သွယ်သူပြည်သူများ၏ အပ်နှံငွေများမှ ငွေသားထုတ်ယူခြင်းကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

ရန်ကုန်သီလဝါဆိပ်ကမ်းဒေသကြီးရှိ စက်သုံးဆီ Terminal များမှ စက်သုံးဆီများအား ဆီသယ်ယာဉ်များဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ နေ့ညမရွေး အဆက်မပြတ်ဖြည့်တင်း သယ်ယူပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့ရှိ STUDENTS HOSTEL ၌ အခြေပြု၍ ကျောက်ဖြူမြို့နှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသမားများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများကို တရားမဝင်ပို့ဆောင်ပြီး Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် လုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ကယားပြည်နယ်အတွင်း အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား ဝင်ရောက်ဖျက်ဆီးခြင်းနှင့် လုယက်ခြင်းများအား ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။ အဆိုပါ အကြမ်းဖက်သမားများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့်ချိတ်ဆက်ကာ လက်နက်၊ ခဲယမ်းများဝယ်ယူ၍ အပြစ်မဲ့ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များ ပေးအပ်ရန် အသိပေးကြေညာချက်

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြိုနယ်တွင် မြောက်ပိုင်းအရေးကိစ္စများနှင့်ပတ်သက်သော အကြမ်းဖက်/ ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့မွန်းလွဲ ၃ နာရီခန့်က စစ်ကဲကုန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ထားဝယ်တံတားအနီး ကစားကွင်းနေရာ (ယခင်ရေပေါ်ညဈေး) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

၁။ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ရေးနှင့်သက်ဆိုင်သောပစ်မှတ်မဟုတ်သည့် ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့များကိုလည်း သာလွန်အင်အားများဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးအား မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး (Exploring Myanmar Culture & Tourism Organization) ၏ အမှုဆောင် ဥက္ကဌ Mr. Liu Wei ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကယနေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံရှိ TikTok တွင် ဖွင့်လှစ်ထားသော “Myanmar Pavilion” ခရီးသွားမြှင့်တင်ရေး ပလက်ဖောင်းကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ခရီးသွား ဆွဲဆောင်မှုများနှင့် ယဉ်ကျေးမှုများကို တရုတ်နိုင်ငံသားတိုင်း သိရှိစေရန် မိတ်ဆက်ပေးနိုင်ရေးနှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေမှုများကို လာရောက်တွေ့ဆုံတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2023

စစ်ကိုင်းပညာရေး တက္ကသိုလ် ၏(၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်