Dec 15, 2023
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေးနှင့် ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာ လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် ကွင်းအမှတ် (၃) တို့၌ ကျင်းပသည်။
Dec 15, 2023
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေး အစီအစဉ် (Knowledge Sharing Program-KSP) ၏ ဆွေးနွေးပွဲအမှတ်စဉ် (၃၆) ကို “တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အရအသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
Dec 15, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ “Unlocking the Power of AI Technology: Empowering Universities and Enterprises for Accelerating Digital Myanmar” URI Collaboration Forum ကို ယနေ့တွင် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပသည်။
Dec 15, 2023
ဒီနေ့မှာတော့ အနောက်နိုင်ငံများနဲ့ အနောက်နိုင်ငံအားကိုး မီဒီယာများအနေနဲ့ ညနေတိုင်းနဲ့ ညပိုင်းတိုင်းမှာ ထုတ်လွှင့်နေကျ ပုံသေနည်း သတင်းတစ်ပုဒ်ထပ်တိုးလာတယ်ဆိုတာ တွေ့ရတယ်။ ဒီထုတ်လွှင့်နေကျ ပုံသေနည်း သတင်းတစ်ပုဒ်ဆိုတာကတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေရှိတယ်ဆိုတာ ထုတ်လွှင့်ပြီးဖြစ်တယ်။ အဲဒီဆွေးနွေးချက်တွေ၊ ဆွေးနွေးမှုတွေ အပေါ်မှာမူတည်ပြီး မစိုးရိမ်ကြဖို့နဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ စိုးရိမ်စရာ မရှိတဲ့အကြောင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ MNDAA၊ TNLA၊ AA အဖွဲ့က ပြောတဲ့အကြောင်းဆိုတာကို အမြဲတမ်းထုတ်လွှင့်နေတဲ့ပုံစံမျိုးလေးတွေ တွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားများ၊ ပြည်သူလူထုအနေနဲ့ ဘယ်သူမှငြိမ်းချမ်းရေးကို မလိုလားတဲ့သူမရှိဘူး။ ပဋိပက္ခတွေ မဖြစ်ပွားစေချင်ဘူး။ ကိုယ့်ရဲ့လူမှုစီးပွားဘဝ တည်ငြိမ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝပြည့်စုံ တည်ငြိမ်ရေးကိုပဲ သူတို့အားပေးကြတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မေးခွန်းထုတ်စရာရှိတာက သူတို့ပြောသလို မြန်မာပြည်သူလူထုကို မစိုးရိမ်ပါနဲ့ဆိုတော့ မြန်မာပြည်သူလူထုက စိုးရိမ်နေတာလား၊ သူတို့ကစိုးရိမ်နေတာလားဆိုတာပဲ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အဖြေကတော့ ရှင်းရှင်းလေးပါပဲ၊ မြန်မာနိုင်ငံထဲမှာ ပဋိပက္ခတွေလျော့ပါးသွားမှာ၊ မြန်မာနိုင်ငံလေး ငြိမ်းချမ်းရေး ရရှိမှာ၊ ပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲပြီး ငြိမ်းချမ်းသွားမှာကို သူတို့ပဲမလိုလားနေတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ မြန်မာနိုင်ငံထဲမှာ အပစ်အခတ်ရပ်စဲမယ့်ကိစ္စတွေ၊ ပဋိပက္ခလျော့နည်းမယ့်ကိစ္စတွေ၊ လူမှုစီးပွားဘဝတည်ငြိမ်စေမယ့်ကိစ္စတွေကို မျိုးစုံသွေးထိုး လှုံ့ဆော်ပြီး ဆောင်ရွက်နေကြခြင်းဖြစ် တယ်ဆိုတာကို အားလုံးက သတိပြုရမှာဖြစ်ပါတယ်။ ဝိုင်းဝန်း ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။
Dec 15, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (တောင်ကြီး) သို့ရောက်ရှိပြီး ရုံးဝင်းအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေး၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
Dec 15, 2023
နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ (စတုတ္ထအကြိမ်) အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။
ကိုဗစ်ကြောင့် ရပ်နားထားခဲ့ရသော ကုန်တင်ယာဉ်များ မှတ်ပုံတင်ခြင်း ဇန်နဝါရီ ၁ ရက်မှစ၍ ပြန်လုပ်ပေးတော့မည်
Dec 15, 2023
လာမည့်နှစ်အစမှစတင်ကာ ကိုဗစ်ကြောင့် ရပ်နားထားခဲ့ရသော ကုန်တင်ယာဉ်များမှတ်ပုံတင်ခြင်း ပြန်လုပ်ပေးတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။
Dec 15, 2023
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ဝင်ငွေခွန်ထမ်းဆောင်ရာတွင် အထွေထွေလုပ်သားများစသည့် Blue Collar များက လစဉ်အခွန် ဘတ် ၁၅၀ ပေးဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီလုပ်သားများအပါအဝင် White Collar များအနေဖြင့် လစဉ် ၈၂၂ ဘတ် ပေးဆောင်ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
Dec 15, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Dec 15, 2023
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees- UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ၌ လက်ခံတွေ့ဆုံသည်။
Dec 15, 2023
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commi-ssioner for Refugees–UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagi အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Dec 15, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Dec 15, 2023
ယနေ့ကျရောက်သော (၄၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ်အခါသမယတွင် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများနှင့် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မိဘပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
Dec 15, 2023
မြန်မာစာသည် မြန်မာလူမျိုးတို့၏ အသက်ဝိညာဉ်ဖြစ်သည်။ စာပေယဉ်ကျေးမှုမရှိသောလူမျိုးသည် အသက်ဝိညာဉ်ကင်းမဲ့သော ရုပ်ကိုယ်ခန္ဓာနှင့်တူသည်။ စာပေယဉ်ကျေးမှု ထွန်းကားသောလူမျိုးသည် ကမ္ဘာပေါ်တွင် တင့်တောင့်တင့်တယ် နေထိုင်နိုင်သော လူမျိုးအဖြစ် ရပ်တည်နေနိုင်ကြောင်း တွေ့ရသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများသည်လည်းကောင်း စာပေယဉ်ကျေးမှု ထွန်းကားစည်ပင်နေစေရန် အစဉ်ကြိုးပမ်း ဆောင်ရွက်နေကြသည်။
Dec 15, 2023
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဝန်ထမ်းများ အရည်အသွေးမြင့်မားပြီး တာဝန်ကျေပွန်မှု၊ ကျင့်ဝတ်စောင့်ထိန်းမှုနှင့် စည်းကမ်းလိုက်နာမှုတို့က လွန်စွာအရေးကြီးသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်လာသည်နှင့် လောဘစိတ်၊ ဒေါသစိတ်၊ အတ္တလွန်ကဲသည့်စိတ်များ မိမိတို့၏စိတ်သန္တာန်တွင် လွှမ်းမိုးမလာစေရန် ချိုးနှိမ်ထိန်းချုပ်၍ မိမိ၏အလုပ်တာဝန်နှင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်ဖို့လိုသည်။ ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေများ အားနည်းချက်ဖြစ်ပေါ်ပြီး တာဝန်၊ စည်းကမ်းနှင့် ကျင့်ဝတ်ဆိုင်ရာ လျော့နည်းဖောက်ဖျက်မှုတို့ဖြစ်ပေါ်လာပါက အုပ်ချုပ်မှုစနစ်ကိုထိခိုက်စေပြီး နိုင်ငံကိုတာဝန်ယူထားသည့် အစိုးရတစ်ရပ်၏ပုံရိပ်ကိုပါ ပျက်စီးစေသည်ကို သတိပြုကြရမည်ဖြစ်သည်။
Dec 14, 2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲနယ်မြေ မူယာပင်ရပ်၊ နယူးဒေးဆီဆိုင်အနီးရှိ ငွေလွှဲ၊ ငွေထုတ်ဆိုင်တစ်ခုကို ဒီဇင်ဘာလ ၁၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် တပ်မတော်သားဗိုလ်ကြီးတစ်ဦးနှင့်အဖွဲ့က လာရောက်ဓားပြတိုက်ခဲ့ကြောင်း၊ အဆိုပါ တပ်မတော်သားဗိုလ်ကြီးတစ်ဦးနှင့်အဖွဲ့သည် အင်းမမြို့အခြေစိုက် အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ်မှဖြစ်ကြောင်း သတင်းတု၊ သတင်းအမှားများအား လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
Dec 14, 2023
မွန်ပြည်နယ်တွင် ဒီဇင်ဘာလအတွင်း စက်သုံးဆီပြတ်လပ်လာမှုနဲ့အတူ ဆီဝယ်ယူရခက်ခဲလာတာကြောင့် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းတချို့ ပြေးဆွဲမှုရပ်နားထားရသည်ဟု ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Dec 14, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး ဟင်္သာတမြို့ရှိ နယ်မြေခံတပ်ရင်းတွင် စစ်သင်တန်းတက်ရမည်ဖြစ်ကြောင်း၊ ပြီးရင်ရှေ့တန်းကို ပို့ခံရမည်ဖြစ်သည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ နုတ်ထွက်စာတင်သော်လည်း ထွက်ခွင့်မရဟု သတင်းတု၊ သတင်းမှားများအား လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိပါသည်။
Dec 14, 2023
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို တပ်မတော်က ဝင်ရောက်စီးနင်းပြီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ ပြည်သူပိုင်ပစ္စည်းများကို ဓားပြတိုက် ခိုးယူသွားသည်ဟု မဟုတ်မမှန်သတင်းများကို ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
