Aug 22, 2024
ဆီထွက်သီးနှံနေကြာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနဌာနခွဲ ညွှန်ကြားရေးမှူးများနှင့်တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ၊ ဆီထွက်သီးနှံ အထူးဇုန်တာဝန်ခံများနှင့် ဝါစီမံကိန်းတာဝန်ခံများ တက်ရောက်ကြသည်။
Aug 22, 2024
ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျဖြစ်စေရန်နှင့် ခွင့်ပြုရန်ပုံငွေများကို ထိရောက်စွာအသုံးပြုနိုင်စေရန်အတွက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ တည်ဆောက်ရေးလုပ်ငန်း စိစစ်ဆောင်ရွက်မှု သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုဝေးခန်းမ၌ကျင်းပရာ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မတီဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ထမ်းအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် ဝန်ကြီးဌာနများမှ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
Aug 22, 2024
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
Aug 22, 2024
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည်။
Aug 22, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Aug 22, 2024
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးသည်။
Aug 22, 2024
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံများအနေဖြင့် နိုင်ငံဖွံ့ဖြိုးရေး၊ စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို အစဉ်အမြဲတီထွင်ကြံဆ ကြိုးပမ်းအားထုတ်ခဲ့ကြသဖြင့် တိုးတက်သောနိုင်ငံအဖြစ် တက်လှမ်းလာနိုင်ခဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်မှုများကို လက်ရှိအနေအထားဖြင့် ကျေနပ်ရောင့်ရဲရပ်တန့်မနေဘဲ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်လုပ်ကိုင်နေကြသည်။
Aug 22, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ခေတ်အဆက်ဆက်တွင် အစိုးရအဆက်ဆက်တို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ UNODC ၊ AFP ၊ DEA ၊ NNCC ၊ ONCB စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Aug 21, 2024
နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသမီးများစာရင်းကို တပ်မတော်က ကောက်ယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 21, 2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာကို ဩဂုတ် ၁၉ ရက်နေ့က လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်းနှင့် ကျန်ရှိသည့်ပစ္စည်းများကို ဖျက်ဆီးသွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။