Aug 28, 2024
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာနှင့် အုပ်ဖိုကျေးရွာတို့ကို ဩဂုတ်လ ၂၇ ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 28, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 28, 2024
ဒိုက်ဦးထောင်တွင် ထောင်အရာရှိနှင့် ဝန်ထမ်းများက အကြမ်းဖက်ရိုက်နှက်၍ အကျဉ်းသူများ ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်နှင့် လုံခြုံရေး အထူးစိုးရိမ်နေရသည်ဟူ၍ Khit Thit အမည်ခံ Facebook Page က ဩဂုတ် ၂၀ ရက်တွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် အဖျက်အမှောင့်သတင်းအဖြစ် မဟုတ်မမှန် လုပ်ကြံသတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
Aug 28, 2024
သာယာဝတီ ဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် အကျဉ်းသား ၄၀ ကျော်ကို ထောင်ဝန်ထမ်းများက ရိုက်နှက်မှုကြောင့် ဦးခေါင်းနှင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိပြီး တိုက်ပိတ်မှုများ၊ ခြေကျင်းခတ်မှုများလည်း ခံနေရသည်ဟူ၍ Khit Thit အမည်ခံ Facebook Page က ဩဂုတ် ၁၉ ရက်တွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် အဖျက်အမှောင့်သတင်းအဖြစ် မဟုတ်မမှန် လုပ်ကြံသတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
Aug 28, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ပန်းပု ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူ စင်တင် တင်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပသည်။
Aug 28, 2024
သုတေသနနည်းပညာဖွံ့ဖြိုးရေးသင်တန်း (ငါး၊ ပုစွန် အစာအာဟာရ) အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
Aug 28, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Iskander Azizov အား နေပြည်တော်ရှိ ရုံးအမှတ် (၁၆) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Aug 28, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ အရေးပေါ်ညွှန်ကြားရေးမှူးများအဖွဲ့ (Emergency Directors Group – EDG) ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ လုပ်ငန်းလည်ပတ်မှုနှင့် လူသားချင်းစာနာမှုလုပ်ငန်းများ တုံ့ပြန်မှုဆိုင်ရာဌာနညွှန်ကြားရေးမှူး Ms. Edem Wosornu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Aug 28, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Aug 28, 2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ယနေ့နံနက် ၇ နာရီ ခွဲက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ဝူရှူးအားကစားရုံသို့ ရောက်ရှိပြီး ပေ(၂၄၀ x ၆၀)ကြမ်းခင်းအဟောင်းဖျက်သိမ်းပြီး နှစ်ထပ်လျှာထိုးခင်းကျင်းရန် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကောင်းမွန်သော သစ်အမျိုးအစားကို အသုံးပြု၍ စံချိန်စံညွှန်းမီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်တည်ဆောက်ရန် မှာကြားသည်။