Skip to main content

Jun 24, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျည်ကာအင်္ကျီ (သံပြားမပါ) အထည် ၃၀ အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇွန် ၂၁ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီးရှိ မြို့ကြီးရေလှောင်တမံ၏ ဝင်ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် တမံမှ ရေပေးဝေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းခမ်းရေလှောင်တမံစီမံကိန်းမှ ရေလွှဲပေးပို့ကာ ဇော်ဂျီရေလှောင်တမံမှတစ်ဆင့် မြို့ကြီးရေလှောင်တမံသို့ ရေဖြည့်တင်းပေးခြင်းအားဖြင့် ရေသိုလှောင်မှု ပိုမိုရရှိလာသည့်ရေများကို မိတ္ထီလာလွင်ပြင် ရေပိုမိုရရှိရေးအတွက် စီမံဆောင်ရွက်ရန်နှင့် လိုအပ်သော တိုင်းတာမှုများ ကွင်းဆင်းဆောင်ရွက်မှုကို အချိန်မီတင်ပြနိုင်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2024

စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ချည်မျှင်နှင့် အထည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ချည်မျှင်နှင့် အထည်လုပ်ငန်းရှင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2024

ကျောင်းသားလူငယ်များ စာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇွန် ၂၂ ရက်နှင့် ၂၃ ရက်များတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်အပြည်ပြည်ဆိုင်ရာ ကန်ထရိုက်တာများအသင်းနှင့် မကာအိုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့အစည်းတို့မှ Green Innovation and Digital Connectivity (စိမ်းလန်းသော တီထွင်ဆန်းသစ်မှုနှင့် ဒစ်ဂျစ်တယ်ကူးလူးဆက်သွယ်မှု) ဆောင်ပုဒ်ဖြင့် ကျင်းပသည့် (၁၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ် (The 15th International Infrastructure Investment and Construction Forum – IIICF) သို့ တက်ရောက်ပြီး ယမန်နေ့ နံနက်ပိုင်းက မကာအိုလေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် ပြန်လည်ထွက်ခွာလာခဲ့ရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2024

(၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် တီဟီရန်မြို့သို့ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အေစီဒီလက်ရှိဥက္ကဋ္ဌနှင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အလီဘာဂယ်ရီကာနီနှင့် ယနေ့ ဒေသစံတော်ချိန် ၁၀ နာရီတွင် တီဟီရန်မြို့၌ နှစ်နိုင်ငံ သီးခြားတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2024

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၊ ဆန်စပါးကုမ္ပဏီများ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့် ဇွန် ၂၄ ရက်က စတင်ပြီး ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2024

မြန်မာနိုင်ငံသမိုင်းတစ်လျှောက်ကို လေ့လာကြည့်မည်ဆိုပါက အပြုနှင့် အဖျက်တို့ အမြဲဒွန်တွဲဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံကို တည်ဆောက်နေကြသူများကတစ်ဖက်၊ နိုင်ငံကို တစိုက်မတ်မတ် ဖျက်ဆီးနေကြသူများကတစ်ဖက် တွေ့ရမည်ဖြစ်သည်။ တိုင်းပြည်တွင် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ၌ အကြောင်းတစ်စုံတစ်ရာပေါ်လာပါက ယင်းကိုအသုံးချလိုသူများနှင့် ဖျက်လိုဖျက်ဆီးပြုလုပ်သူများ ပေါ်ပေါက်လာသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2024

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိသည်။ လူငယ်လူရွယ်များအပါအဝင် မိမိတို့နိုင်ငံ၊ မိမိတို့မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း စာပေဖတ်ရှုသည့်အလေ့အထ လျော့နည်းကျဆင်းလာသည့်အပေါ် ကုစားရန်၊ စာဖတ်သည့်လူမျိုး၊ ဗဟုသုတပြည့်စုံကြွယ်ဝပြီး မှားမှန်ကောင်းဆိုး ဝေဖန်ပိုင်းခြားတတ်သည့်လူမျိုး ဖြစ်လာစေရန်ဟူသည့်ရည်ရွယ်ချက်များဖြင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေး၊ စာဖတ်ရေးတို့ကို တွန်းအားပေးဆောင်ရွက်နေခြင်းလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2024

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ရပ်ကွက်များတွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများ အိမ်ထောင်စုဝင်များ စားရေးအထောက်အကူဖြစ်စေရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇွန် ၂၂ ရက်တွင် မောင်တောမြို့ရှိ ရပ်ကွက်နေ ဒေသခံပြည်သူများထံ ဆန်အိတ်များကို လက်ဝယ်အရောက် ထောက်ပံ့ပို့ဆောင်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2024

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက် နံနက် ၀၀:၁၅ နာရီအချိန်ခန့်တွင် မြင်းခြံမြို့နယ်၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ မြင်းခြံမြို့နယ်၊ မကျီးသမျှားကျေးရွာ၏မြောက်ဘက် မြင်းခြံ - မကျီးသမျှား သွားကားလမ်းတွင် မော်တော်ယာဉ် ၁ စီးအား PDF အမည်ခံအကြမ်းဖက်သမားများက ပစ်ခတ်၍ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ အခင်းဖြစ်ရာသို့ ဇွန်လ ၂၃ ရက် နံနက် ၀၀:၅၀ နာရီအချိန်ခန့်တွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ ပါဝင်သော လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2024

ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပရာ အားကစားခန်းမအတွင်း ခင်းကျင်းပြသသော လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ခါးလှည့်ကွင်း အားကစားနည်းနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများတွင် ပုသိမ်မြို့ရှိ ‌အ‌ခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာကြပြီး ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2024

ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2024

မကွေးတိုင်းဒေသကြီး၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2024

၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှ တစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme - PFP)” ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2024

ဂျပန်နိုင်ငံဖူကူအိုကာမြို့ (Fukuoka) အခြေစိုက်အာရှပစိဖိတ်ဒေသ ကလေးများဆိုင်ရာ ကွန်ဗင်းရှင်း (Asian-Pacific Children’s Convention - APCC) က ဦးစီး၍ နှစ်စဉ်ဇူလိုင်လတွင် ကျင်းပသည့် နွေရာသီ အပြည်ပြည်ဆိုင်ရာလူငယ်များ တွေ့ဆုံစခန်းချပွဲ (BRIDGE Summer Camp - 2024) သို့ Junior Ambassador အဖြစ် မြန်မာနိုင်ငံက ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း Global Earth Agro & Aqua Industry Public Company Limited က ဆောင်ရွက်နေသည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2024

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ချောင်းဝကျေးရွာအုပ်စု လက်ပံဝဲကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ လက်ပံဝဲကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း (ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို)တို့၏ အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်