Sep 11, 2024
ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၁ ရက်မှ ၈ ရက်အထိကျင်းပခဲ့သည့် (၃၇) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား (37th Thai King'sCup) ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခုဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် ယမန်နေ့ ည ၁၀ နာရီတွင် ရန်ကုန်မြို့သို့ ထိုင်းလေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
Sep 11, 2024
အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian-African Legal Consultative Organization-AALCO) ၏ (၆၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ထိုင်းနိုင်ငံဘန်ကောက်မြို့၌ စက်တင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ ကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးသို့ ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး H.E Mr. Maris Sangiampongsa ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။
Sep 11, 2024
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 11, 2024
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်သို့တက်ရောက်အမှာစကား ပြောကြားသည်။
Sep 11, 2024
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းဆပ်ကော်မတီတစ်ခုချင်းအလိုက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 11, 2024
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် H.E.Mr.Igor Krasnov ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (9th Eastern Economic Forum– EEF) သို့ တက်ရောက်ခဲ့သည်။
Sep 11, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာဟာရီရှ်ချန်ဒရာဂီမီရေးအား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Sep 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အချက်ကိုချမှတ်ထားသည်။ နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍမှတစ်ဆင့် လူငယ်လူရွယ်ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးသာမက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေးတို့ကိုပါ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Sep 11, 2024
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်ကြောင်း။
Sep 11, 2024
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် စဉ်ဆက်မပြတ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ငွေကြေး၊ ပစ္စည်း၊ လူ့စွမ်းအားဟူ၍ အရင်းအမြစ်သုံးရပ်လိုအပ်သည့်အနက် လူ့စွမ်းအားအရင်းအမြစ်က အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးဖြစ်သည်။ နိုင်ငံကောင်းကို လူ့စွမ်းအားအရင်းအမြစ်ကောင်းဖြင့်သာ တည်ဆောက်နိုင်ခြင်းကြောင့် တန်ဖိုးမြင့်လူသားအရင်းအမြစ်ရရှိစေရန် ပညာရေးတွင်အလေးထား၍ ရင်းနှီးမြှုပ်နှံကြရသည်။