Skip to main content

Oct 09, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အိမ်မဲမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆိုပါကျောင်း၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Daihei Mochizuki သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၎င်း၏ခန့်အပ်လွှာကို လာရောက်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “အစိုးရရဲ့ကမ်းလှမ်းမှုမှာ PDF တွေ ဘာဆက်လုပ်သင့်လဲ” ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဦးတည်ချက် (၄) ရပ်

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

၁။ ပြည်ပတွင် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) လျှောက်ထားရယူခြင်းတို့မရှိဘဲ ပြည်ပအလည်အပတ် နိုင်ငံကူးလက်မှတ် (Passport for Visit-PV) ကိုသာ လျှောက်ထားရယူထားပြီး ပြည်ပအလုပ်အကိုင်ဗီဇာများရယူကာ လေကြောင်းခရီးဖြင့် ပြည်ပထွက်ခွာရန် ဆောင်ရွက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာက လေဆိပ်တွင် စိစစ်သည့်အခါ သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်အတွက် ပြည်ပသို့ထွက်ခွာခွင့်မရခြင်းများကြောင့် လေယာဉ်လက်မှတ်ခအပါအဝင် အခြားသော ကုန်ကျစရိတ်များဆုံးရှုံးရသည့် ဖြစ်စဉ်များဖြစ်ပေါ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ကုန်ကျစရိတ်အသက်သာဆုံးနှင့် ခရီးသည်နှင့် ကုန်စည်ဝန်ဆောင်မှုများစွာ ဆောင်ရွက်နိုင်သောကဏ္ဍတစ်ခုမှာ ရထားပို့ဆောင်ရေးကဏ္ဍဖြစ်သည်။ မြန်မာနိုင်ငံ သယ်ယူပို့ဆောင်မှုသမိုင်းကြောင်း၌ ပထမဦးဆုံး အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသော မြန်မာ့မီးရထားသည် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများကို များစွာအကျိုးပြုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2024

မြန်မာ့မီးရထား၏သမိုင်းသည် ၁၈၇၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ရာ မကြာမီနှစ်ပေါင်း ၁၅၀ ပြည့်တော့မည်ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင် အစောဆုံးအဖြစ်စတင်နိုင်ခဲ့သည့် မြန်မာ့ရထားသယ်ယူပို့ဆောင်ရေးစနစ်မှာ လက်ရှိအချိန်တွင် အခြားနိုင်ငံများနှင့်ယှဉ်ပါက နောက်ကျကျန်ရစ်‌နေပြီဖြစ်သည့်အလျောက် အဘက်ဘက်မှ အဆင့်မြှင့်တင်မှုများပြုလုပ်၍ ခေတ်နှင့်အညီဆန်းသစ်စေကာ နိုင်ငံနှင့်ပြည်သူအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် ၈ သုခဝတီရပ်ကွက်၊ ချင်းတွင်းမြစ်ကြက်မွှေး ဆိပ်ကမ်းတွင် ဈေးဝယ်လာသည့်လူငယ် ၁ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ပြီး မြစ်ထဲမျှောခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်အတွင်းရှိ နက္ခတ်တာရာပြခန်းသို့သွားရောက်၍ နက္ခတ်တာရာပြခန်းအား အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ရန်ဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်