Oct 08, 2024
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် ၈ သုခဝတီရပ်ကွက်၊ ချင်းတွင်းမြစ်ကြက်မွှေး ဆိပ်ကမ်းတွင် ဈေးဝယ်လာသည့်လူငယ် ၁ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ပြီး မြစ်ထဲမျှောခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Oct 08, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်အတွင်းရှိ နက္ခတ်တာရာပြခန်းသို့သွားရောက်၍ နက္ခတ်တာရာပြခန်းအား အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ရန်ဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 08, 2024
၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
Oct 08, 2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ပုဂံသွားကားလမ်းပေါ်၌ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် လက်လုပ်မိုင်းများ သယ်ဆောင်လာသည့် အကြမ်းဖက်သမားတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
Oct 08, 2024
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းမြင့်သာရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Oct 08, 2024
မုန်တိုင်းရာဂိ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန်အတွက် ၉-၁၀-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာခန်းမ၌ လှူဒါန်းမှုများကို အခမ်းအနားဖြင့် လက်ခံပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
Oct 08, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 08, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ ရွာသွန်းသောမိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများ တိုင်းတာခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
Oct 08, 2024
ငါးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတထိန်းသိမ်းနိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးရိက္ခာဖူလုံစေရန်နှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနအောက်ရှိ ငါးလုပ်ငန်း သင်တန်းကျောင်းများသည် ငါးလုပ်ငန်းဆိုင်ရာ အသိပညာပေးသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းသင်တန်းကျောင်း (ကြို့ကုန်း) သင်တန်းခန်းမ၌ ငါးမျိုးစိတ်များ ခွဲခြားအမည်ပေးနည်းသင်တန်းကို အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီက ဖွင့်လှစ်သည်။
Oct 08, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၄ ခုနှစ် အဝေးသင်တက္ကသိုလ် ပထမအသုတ်သိပ္ပံသင်တန်းသားများ အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း၊ ရတနာပုံတက္ကသိုလ်၌ အဝေးသင်ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး တက္ကသိုလ်သန့်ရှင်းသာယာရေးနှင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Oct 08, 2024
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အခြေခံပညာဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၈နာရီတွင် အဆိုပါ တက္ကသိုလ်ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
Oct 08, 2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး စီမံကိန်းဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မိုးကြိုးပစ်ကျေးရွာ မိုးပုလဲစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသား ၃၀ ၏ စိုက်ဧက ၉၀ အတွက် ပံ့ပိုးငွေကျပ် ၁၈ သန်းနှင့်ညီမျှသည့် သွင်းအားစုများ(ပုလဲ)၊ (အာမို) အိတ် ၉၀ နှင့် မြင်းပျံ (ကွန်ပေါင်း) အိတ် ၉၀ တို့အားပံ့ပိုးပေးခဲ့သည်။
Oct 08, 2024
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ သတ္တမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ကျင်းပရာ အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ-၁ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် လုပ်ငန်းကော်မတီဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေး အဖွဲ့ငယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။
Naypyitaw State Academy မှ ဥပဒေအထူးပြု ကျောင်းသားများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းဖွင့်လှစ်
Oct 08, 2024
Naypyitaw State Academy မှ ဥပဒေအထူးပြုကျောင်းသားများ ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့လုပ်ငန်းများ လေ့လာသင်ယူနိုင်ရန် ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေပညာရှင်များက ဝန်ကြီးဌာန၏ လက်တွေ့လုပ်ငန်းစဉ်များကို ရက်သတ္တခြောက်ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Oct 08, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းအမှတ်စဉ် (၇/၂၀၂၄) သင်တန်းဖွင့်ပွဲအား ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အအုံ၌ ကျင်းပသည်။
Oct 08, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၆ ရက်တွင် နေပြည်တော်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့ တောင်စဉ်အေး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Cal-dina မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Oct 08, 2024
မြန်မာနိုင်ငံဂေါက်သီးအားကစား အဖွဲ့ချုပ်ကဂေါက်ကွင်းများတွင် (World Handicap System) ခေါ် ကမ္ဘာသုံးအချက်ရေအကျောပေးစနစ်ကို မြန်မာနိုင်ငံအတွင်းရှိ ဂေါက်သီးအားကစားကွင်းများတွင် အသုံးပြုနိုင်ရေးအတွက် နေပြည်တော်အတွင်းရှိ City Golf Club နှင့် Royal Myanmar Golf Club တို့၌ Course Rating တိုင်းတာပြီးစီးမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Royal Myanmar Golf Club ၌ ကျင်းပသည်။
Oct 08, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့သို့ရောက်ရှိပြီး ကလောမြို့ အမှတ် (၁) နှင့် (၅) ရပ်ကွက်အတွင်း စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မေးခွန်းများအား တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူနေမှုကို ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
Oct 08, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ Good Things Assessment Cen-ter ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
