Skip to main content

Jun 30, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဟူသည့် ရှေ့လုပ်ငန်းစဉ်ကို ချမှတ်ထားသည်။ အဆိုပါရှေ့လုပ်ငန်းစဉ်နှင့်အညီ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီးပွားရေးကဏ္ဍ၌ အတိုင်းအတာတစ်ခုအထိ အောင်မြင် ဖြစ်ထွန်းလာသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2025

ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်ရှိနိုင်ငံတော်အစိုးရက ဖွင့်ပေးထားသည့် တံခါးမှာကျယ်ဝန်းသည်။ ရှင်းလင်းဖြောင့်တန်းသည်။ ကြိုတင်ကန့်သတ်မှုများမထားဘဲ အချိန်မရွေးဆွေးနွေးနိုင်ရန်လည်း ဖိတ်ခေါ်ထားသည်။ သို့ရာတွင် လက်နက်များ စွဲကိုင်၍ ပြည်တွင်းဒေသအနှံ့အပြားတွင် ပေါ်ပေါက်လာသည့် ပုန်ကန်ထကြွမှုများကို အကြောင်းပြုကာ အစိုးရအကျပ်ဆိုက်နေပြီဟုယူဆပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် နှိမ့်ချမှု၊ ပြက်ရယ်ပြုမှုများပြုလုပ်ကြသည်။ ပြည်ထောင်စုပြိုကွဲရေးစကားများကို ပြောင်ပြောင်တင်းတင်းပြောကာ ကျဉ်းမြောင်းသည့် လူမျိုးစွဲ၊ ဒေသစွဲအခြေခံဖြင့် စစ်သံများပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၄ ရက်နေ့ နံနက် ၅ နာရီအချိန် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ရန်ကုန်မှထားဝယ်သို့ ဟိန်းလတ်မောင်းနှင်ပြီး နေလင်းထိုက်(ခ)မဲကြီးနှင့် ကောင်းစုညီ(ခ)စည်သူတို့ လိုက်ပါလာသော NISSAN ၆ ဘီးမော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း(တစ်ပြားလျှင် ငွေ ၁၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁.၃၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မှတစ်ဆင့်ထားဝယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် Buryatia ပြည်နယ်၊ Ulan-Ude မြို့၊ Baikal အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်၊ Ulan-Ude မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည် ကောင်စီတွဲဖက်အတွင်းရေးမှူး၏ဇနီးဒေါ်နီလာနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၏ဇနီးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် Leo Bardamov ပြတိုက်သို့သွားရောက်လေ့လာကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Baikal ရေကန်နှင့် Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအတွက် လိုအပ်သော Sports Nutrition အာဟာရပိုင်းဆိုင်ရာနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၆ ရက်ညနေပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများ၊ အုပ်ချုပ်သူများ၊ နည်းပြများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အပြာရောင်အဆင့်သတ်မှတ်ချက်ဖြင့် ဝန်ထမ်းများ ပြန်လည်နေထိုင်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာ၊ အဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

ပိုက်ကျော်ခြင်းအားကစားနည်းမှ ပဏာမလက်ရွေးစင်အားကစားသမားများ လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

ကလေးမြို့၌ ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးနှင့် ဒေါပုံမြို့နယ်၌ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နှစ် (၇၀၀) ပြည့် အားကစားခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ငလျင်ဒဏ်ကြောင့် ပျောက်ဆုံးပျက်စီးသွားသော အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များရရှိမည့် ပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

ယခုသီတင်းပတ်ကာလများအတွင်း ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုနှင့်အတူ အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်းများသည် တစ်စည်လျှင် ၁၀ ဒေါ်လာမှ ၁၅ ဒေါ်လာခန့်အထိ မြင့်တက်ခဲ့သဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်ခဲ့ကြောင်း၊

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

တောင်သူနည်းပညာဆွေးနွေးပွဲကို “တောင်သူများ ပူးပေါင်းပါဝင်သော အရည်အသွေးကောင်း မျိုးစေ့များ ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် AERDTC ခန်းမ ၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ပျဉ်းမနားနှင့် တပ်ကုန်းမြို့နယ်များမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရှင်နှင့် တောင်သူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ရုံးဝင်းအတွင်း၌ ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် အိပ်ခန်းတစ်ခန်းပါ Container House များ တပ်ဆင်တည်ဆောက်ပြီးစီးမှု၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား Container House များသို့ ပြောင်းရွှေ့နေရာချထားပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2025

ငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ၏ အရေးပါမှုနှင့်အသုံးပြုနိုင်မှု” အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်