Dec 25, 2024
နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်သည် ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်၊ ယေရှုခရစ်တော်ဖွားမြင်သည့် အထိမ်းအမှတ်ဖြစ်သော ခရစ္စမတ်နေ့ဖြစ်သည်။ ခရစ္စမတ်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်သည်ပင်ခရစ်(Christ)သည် ခရစ်တော်၏ အမည်နာမဖြစ်ပြီး မတ်စ် (Mas) မှာ လူအများစုဝေးသည့်ပွဲတော်ကို ဆိုခြင်းဖြစ်သည်။
Dec 24, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(ရေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် တပ်မတော်(ရေ)မှတည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅)မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးအမည်ပေးခြင်းနှင့် ရေချပေးခြင်းမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေးချီးမြှင့်သည်။
Dec 24, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(ရေ)၏ (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။
Dec 24, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများ တက်ရောက်ကြသည်။
Dec 24, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်သည် ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့်အတူ ယနေ့တွင် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော် ပြုပြင်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးသည်။
Dec 24, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည့် ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယ အဖွဲ့ထံမှ သြဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။
Dec 24, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန၏ လေးနှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)ညီလာခံခန်းမ၌ ကျင်းပသည်။
Dec 24, 2024
တရားမအမှုလိုက်(လက်တွေ့) ဘာသာရပ်သင်တန်းဖွင့်ပွဲနှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 24, 2024
ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညီလာခံကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။