Skip to main content

Jan 14, 2025

အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2025

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “လက်နက်ကိုင်သောင်းကျန်းသူများ ထိန်းချုပ်ထားတဲ့နယ်မြေမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2025

လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာနှင့် မြန်မာ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအခြေအနေ အကြောင်းတရားများကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ မီဒီယာ၏သဘောသဘာဝကိုနားလည်ပြီး မိမိတို့ကိုယ်တိုင် သတင်းမှန်များကို ပိုင်းခြားသိရှိရန်နှင့် ပြည်သူလူထုကို သတင်းအမှန်များ မျှဝေပေးရန်လိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2025

လက်ရှိကာလတွင် ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုအခြေအနေများကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကြုံတွေ့နေသည်။ အဆိုးရွားဆုံးဖြစ်စဉ်တစ်ခုမှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ တောမီးလောင်ကျွမ်းမှုကြောင့် ၂၄ ဦးသေဆုံးပြီး လူပေါင်းတစ်သိန်းခွဲ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။ စီးပွားရေးအရ ဆုံးရှုံးထိခိုက်မှုမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ ရှိနိုင်သည်ဟု ခန့်မှန်းတွက်ချက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 14, 2025

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးအရင်းအနှီး (Capital)၊ လူ့လုပ်အား (labour) နှင့် မြေယာ (land) တစ်နည်းအားဖြင့် သဘာဝသယံဇာတများဟူသည့် အရင်းအမြစ်သုံးမျိုးအပြင် အတတ်ပညာနှင့်နည်းပညာသည် စတုတ္ထမြောက်အရေးပါဆုံး အရင်းအမြစ်ဖြစ်သည်ဟု စီးပွားရေးပညာရှင်များကမိန့်ဆိုသည်။ ငွေကြေးအရင်းအနှီးနှင့် အတတ်ပညာ၊ နည်းပညာချို့တဲ့ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကတားဆီးပိတ်ဆို့နေသည့် အခက်အခဲများဖြစ်ပြီး အရင်းအနှီးနှင့် နည်းပညာရရှိရေးမှာလည်း ခက်ခဲရှုပ်ထွေးစွာ ဆောင်ရွက်ကြရသည်ဟု ဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2025

ဆောင်းရာသီတွင်ဖြစ်ပွားလေ့ရှိ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Jan 13, 2025

မြန်မာနိုင်ငံ၏အထိမ်းအမှတ် (Landmark) တစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော် (Floral Fantasia 2024) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2025

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ လမ်း ၄၀ ၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ (၃၇) ၌ လုယက်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကမ္ဘောဇဘဏ်ခွဲ (၃၇) အတွင်းသို့ ပြောက်ကျားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် အနက်ရောင်ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦး (စိစစ်ဆဲ) က

ဆက်လက်ဖတ်ရှုရန်

Jan 13, 2025

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ရွှေစက်တော်အနီးရှိ အိုးပြင်မဲရွာကို ဇန်နဝါရီလ ၁၁ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၆ လုံး ပျက်စီးခဲ့ကြောင်း ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 13, 2025

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၅-၁-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၁-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၃၆၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်