Nov 18, 2020
တိုင်းပြည်နှင့်လူမျိုး အရေးကိစ္စအမျိုးမျိုးတို့ကို ဖော်ဆောင်ရာ၌ ပေါ်ပေါက် လာသည့် ကောင်းမွေဖြစ်စေ၊ ဆိုးမွေဖြစ်စေ ပြည်သူများ၏ ပါဝင်မှုအပေါ်တွင် အဓိကမူတည်နေကြောင်း မြန်မာ့သမိုင်းကြောင်း တစ်လျှောက်၌ အစဉ် အလာအားဖြင့် ဖော်ညွှန်းပြသခဲ့ကြပြီးဖြစ်သည်။ မျက်မှောက်ခေတ် ပြည်သူ သည်သာ အဓိကဖြစ်သောကာလတွင် ပြည်သူများအနေဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ရှေးရှု၍ ဆိုးမွေ များကိုရှောင်ရှားပြီး ကောင်းမွေများ ဖြစ်လာအောင် ဝိုင်းဝန်းဖော်ဆောင်ပေးရမည့်အချိန် ဖြစ်ပေသည်။
Nov 18, 2020
မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုးမှုနည်း၍ ဆင်းရဲနွမ်းပါးသည့်နိုင်ငံ အဖြစ်ဖြင့် ကမ္ဘာ့အလယ်တွင် ရပ်တည်နေရ၏။ ငွေကြေးဥစ္စာချို့တဲ့ သည့်အတွက် နိုင်ငံနှင့်ချီ၍ ကြုံတွေ့ရသော အကျပ်အတည်းမျိုး၌ အခြားသော နိုင်ငံများထက် ပိုမိုပြင်းထန်စွာ ထိခိုက်နာကျင်ရနိုင်၏။ ထို့ကြောင့် ယခုကဲ့သို့ ကိုဗစ် ကပ်ရောဂါနှင့် ကြုံတွေ့သည့်အခါ အထူး တလည်သတိကြီးစွာဖြင့် အတတ်နိုင်ဆုံးလူထုထဲရောဂါပိုးပေါက်ကွဲ ပျံ့နှံ့မှုမဖြစ်ရလေအောင် ကာကွယ်ထိန်းချုပ်ကုသရန် ကြိုးပမ်းနေရခြင်း ဖြစ်၏။
Nov 17, 2020
မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပသည်။
Nov 17, 2020
အကြိမ်(၂၀)မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီး များ အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံ့ဝန်ထမ်းအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Nov 17, 2020
၂၀၂၀ ပြည့်နှစ် ဆောင်းရာသီထုတ်လုပ်မည့် ကုန်စိမ်းသီးနှံများ ထုတ်လုပ်သည်မှ ဈေးကွက်ဝင် ရောက်နိုင်သည်အထိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ စေရေးနှင့် မှိုစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့နှင့် နည်းပညာရရှိရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Nov 17, 2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘုတ်ဆည်တည်ဆောက်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် နစ်နာကြေးများ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀) နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 17, 2020
၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ၁၇-၁၁-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် (၃၁) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးနိုင်ခဲ့ပါသည်။
Nov 17, 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်း အမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
Nov 17, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ရန် သွားရောက်ကြမည့် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Nov 17, 2020
ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ပထမဆုံး ငါးတက်ဆင်းလမ်း တည်ဆောက်ရန်အတွက် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်း နိုင်ငံများအဖွဲ့၏အစိတ်အပိုင်းတစ်ရပ် အနေဖြင့် “မြန်မာနိုင်ငံနှင့် လာအို နိုင်ငံတို့တွင် ငါးတက်ဆင်းလမ်း ဖော်ဆောင်ခြင်းဖြင့် ဇီဝ၊ ရူပသွင်ပြင်နှင့် လူထုအပေါ်အကျိုး သက်ရောက်မှုဆန်းစစ်ခြင်း စီမံကိန်း” အမည်ဖြင့် ဩစတြေးလျ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနစင်တာ (ACIAR) အဖွဲ့အစည်း၏ အထောက်အပံ့ ရယူလျက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်တည် ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Nov 17, 2020
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်း အစိုးရပိုင် အမွေအနှစ် အဆောက်အအုံများ ပြင်ဆင် ထိန်းသိမ်းရေး စီမံကိန်းများ၌ မူလအရည်အသွေး မပျက် ပြင်ဆင်နိုင်ရေးအတွက် အရည်အသွေး စစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။
Nov 17, 2020
အခုလို ရွေးကောက်ပွဲ အောင်မြင်တာဟာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်ကို ကျေပွန်စွာနဲ့ ဆန္ဒမဲပေးခဲ့ကြလို့ အောင်မြင်တာ ဖြစ်ပါတယ်
Nov 17, 2020
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ကျင်းပသည့် (၄) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP သဘောတူစာချုပ်၌ ပါဝင်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ရာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် နိုင်ငံတကာ ကုန်သွယ်မှုတွင် ပါဝင်လုပ်ကိုင်ခွင့်ရလာတော့မည် ဖြစ်သည်
Nov 16, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၆)ဦးအား မနီလာမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့်ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၆ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Nov 16, 2020
(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 17th China-ASEAN Expo) နှင့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး (The 17th China-ASEAN Business and Investment Summit) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီး ပြည်နယ်၊ နန်နင်းမြို့တွင် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ Online ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ On line CAEXPO ၌ B2B အစီအစဉ်များတွင် one- on-one match meeting ပွဲနှင့် Business Matching များ၊ On line Business Talks များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
Nov 16, 2020
နိုင်ငံရေးလုပ်သည်ဆိုခြင်းမှာ အများအကျိုးအတွက် မိမိ၏ ကိုယ်ကျိုးစီးပွားကို အနည်းနှင့်အများဆိုသလို စွန့်လွှတ်အနစ်နာခံကြရသည်ချည်းသာ။ ထို့ကြောင့်ပင် နိုင်ငံရေးသမားသည် ခံစားတတ်သော နှလုံးသားရှိဖို့ လိုအပ်သလို၊ စဉ်းစားတွေးတော မြော်မြင် နိုင်သော အသိဉာဏ်ရှိဖို့လည်း လိုသည်သာ။ အကျင့်သိက္ခာကောင်း ဖို့လိုသလို ရင့်ကျက်မှုရှိဖို့၊ ဇွဲရှိဖို့၊ ဝီရိယကြီးဖို့လည်း လိုပါမည်။
Nov 16, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီးအစည်းအဝေးနှင့် (၁၅) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးများသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။
Nov 15, 2020
(၁၄-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၃၄၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၈၃) ဦး တွေ့ရှိရပါသည်။
Nov 15, 2020
မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူ ဖောင်ဒေးရှင်း (ဗဟို)က ကြီးမှူးကျင်းပသည့် ဒီပါဝလီပွဲတော်အထိမ်းအမှတ် ဆီမီးထွန်းညှိပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာ (၁၄)ရက် ညနေ(၆) နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၅၄)လမ်းရှိ အဆိုပါ ဖောင်ဒေးရှင်းရုံး ခန်းမ၌ ကျင်းပသည်။
Nov 15, 2020
၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားနှင့် မြန်မာနိုင်ငံသား (၉၉) ဦးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Dragon Tun ကုမ္ပဏီ၏ စီစဉ်မှုဖြင့် ၁၅-၁၁-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ်ပျံသန်းပြေးဆွဲပေးခဲ့ပါသည်။
