(၁၅-၁၁-၂၀၂၀ ရက်၊ ဆိုးလ်)
၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားနှင့် မြန်မာနိုင်ငံသား (၉၉) ဦးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Dragon Tun ကုမ္ပဏီ၏ စီစဉ်မှုဖြင့် ၁၅-၁၁-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ်ပျံသန်းပြေးဆွဲပေးခဲ့ပါသည်။
၂။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ (၁၅:၅၅) နာရီ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ (၈၂) ဦး၊ လာအိုမှ (၂) ဦး၊ ဂျပန်မှ (၈) ဦး၊ တူရကီမှ (၆) ဦး၊ အာရပ်စော်ဘွားများနိုင်ငံမှ (၁) ဦး၊ စုစုပေါင်း (၉၉) ဦးတို့ စီးနင်းလိုက်ပါ သွားခဲ့ပါသည်။
၃။ လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာမရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။
# Ministry of Foreign Affairs Myanmar