Skip to main content

Feb 06, 2025

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် ကာယပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားအရာရှိကြီးများအား မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့ညနေပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ စမ်းသပ်မဲပေးခြင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် ကော်မရှင်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးထွက်ကုန်ရလဒ်အား ကျယ်ပြန့်စွာပြသနိုင်သော အညွှန်းကိန်းကို GDP ဟုခေါ်ဆိုသည်။ GDP သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို ထင်ဟပ်နိုင်သည့် စီးပွားရေးအဆောက်အအုံအရွယ်အစားနှင့် စီးပွားရေးတိုးတက်မှုနှုန်းကို ခန့်မှန်းရာတွင်သုံးသည်။ GDP အညွှန်းကိန်းမြင့်မားလာသည်နှင့်အမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများပါ မြင့်မားတိုးတက်လာမည်။ ထို့ကြောင့် အခြေခံကျသည့် စီးပွားရေးထွက်ကုန် မြင့်မားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2025

မြန်မာ-ထိုင်း နယ်စပ်မြို့များဖြစ်သော တာချီလိတ်၊ မိုင်းတုံ၊ မြဝတီ၊ ဘုရားသုံးဆူမြို့များသို့ လျှပ်စစ်ဓာတ်အား၊ စက်သုံးဆီနှင့် အင်တာနက်ပေးပို့ရောင်းချနေမှုများကို ထိုင်းဘက်က ဖြတ်တောက်လိုက်ကြောင်း အွန်လိုင်းမီဒီယာများတွင် တွေ့ရှိရသည်။ အဆိုပါနယ်စပ်မြို့များမှာ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် လောင်းကစားလုပ်ငန်းများ ရှိနေကြောင်း သတင်းများတွင် တွေ့ရှိရသော်လည်း ကာဆီနိုမြို့တော်ကြီးများသဖွယ် အကြီးအကျယ်လုပ်ကိုင်နေသည့် အဆိုပါနေရာများမှာ အစိုးရလက်လှမ်းမမီသည့် ဒေသများတွင် တည်ရှိနေသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2025

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၁) ကြိမ်မြောက် ထုတိအနုမောဒနာ  ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2025

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် (၂၃)ရပ်ကွက် သာသနာ့ဂုဏ်ရည်ချမ်းသာကြီး ကျောင်းတိုက်ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညိဿရာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) သက်တော် ၉၀ နှစ်၊ သိက္ခာဝါ ၇၀ ရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၆ ခုနှစ် တပို့တွဲလဆန်း ၇ ရက်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် အင်္ဂါနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 05, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းကကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာနမှူး၊ ဥတ္တရခရိုင် မီးသတ်ဦးစီးမှူးနှင့် မီးသတ်ဦးစီးမှူးရုံး အင်ဂျင်နီယာအဖွဲ့တို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်