Feb 17, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၇
ဓါတ်ရောင်ခြည်ကင်ဆာရောဂါ ကုဌာနတွင် တပ်ဆင်မည့် အိန္ဒိယနိုင်ငံမှ လှူဒါန်းခဲ့သော ဓါတ်ရောင်ခြည်သုံး ကင်ဆာရောဂါကုစက် (Bhabhatron- II) Cobalt Unit 4th Generation တပ်ဆင်နိုင်ရေးနှင့် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် ဝယ်ယူမည့် Linear Accelerator စက်၏ specifications၊ စက်တပ်ဆင်မည့် အဆောက်အဦ ကိစ္စများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည် ကင်ဆာရောဂါကုဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
Feb 17, 2020
ဘားအံ ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြိုနယ်၊ ခနိမ်းဖော်ကျေးရွာ၊ သုံးဆယ့်သုံးဆူကျေးရွာများအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကိုဆောင်ရွက်ပေးနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Feb 17, 2020
ကော့ကရိတ် ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ အတွင်းမှ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကော့ကရိတ်မြို့ သုံးဆယ့်သုံးဆူကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ဒေသနေပြည်သူများ နှင့် ယမန်နေ့ နံနက် (၉)နာရီက တွေ့ဆုံပွဲကို ကျင်းပပြုလုပ် သည်။
Feb 17, 2020
မုဒုံ ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ(၁)ရပ်ကွက်၊ မုဒုံကြီးရပ် “လူငယ်ရိပ်သာ” စာကြည့်တိုက် အုတ်မြစ်တော်စီမင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး လူငယ်ရိပ်သာစာကြည့်တိုက်ကော်မတီ(နာယက) ဦးစိုးသန်းအေးတို့က မင်္ဂလာရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ်တို့ဖြင့် အုတ်မြစ်တော်စီပေးခဲ့ကြသည်။
Feb 17, 2020
ပခုက္ကူ ဖေဖော်ဝါရီ ၁၇
စိုက်ပျိုးရေးဦးစီးဌာန၊ မြေဆီလွှာဓာတ်ခွဲခန်း(ပခုက္ကူ)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ပခုက္ကူမြို့၊ အမှတ်(၁၁) ရက်ကွက်၊ ပခုက္ကူ-မြိုင်ကားလမ်းဘေးရှိ ဝါကြိတ်စက်ရုံဝန်းအတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းမြတ်က မြေဆီလွှာဓာတ်ခွဲခန်း (ပခုက္ကူ) ဖွင့်လှစ်နိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
Feb 17, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၇
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ဒုတိယတွဲ (၁/၂၀၂၀)နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
Feb 17, 2020
လတ်တလောကာလတွင် တရုတ်နိုင်ငံ၌ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ကူးစက်သော အဆုတ်ရောင်ရောဂါကို မြန်မာ့လူ့အဖွဲ့အစည်းက များစွာအာရုံစိုက်နေကြပါသည်။ ကျွန်တော် မကြာမီက ပေကျင်းမှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ တရုတ်နိုင်ငံ၌ရှိနေစဉ်အတွင် ကျွန်တော်သည် တရုတ် လူ့အဖွဲ့အစည်း၏ တက်ညီလက်ညီ ရောဂါခုခံတိုက်ဖျက်သည့် အခြေအနေတို့ကို ကိုယ်တွေ့ကြုံတွေ့ ခဲ့ရပါသည်။
Feb 17, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၁၇
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် ၈ နာရီ က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
Feb 17, 2020
လူငယ်တွေ စာရိတ္တကောင်းဖို့ လိုတယ်။ ခက်တာက လူငယ်ဘဝမှာ သူများပြောတာကို သိပ်လက်မခံချင် တော့ဘူး။ ကလေးဘဝတုန်းကတော့ လူကြီးက ဘာပြောပြော ‘ဟုတ်ကဲ့’ လို့ အမြဲ လိုက်လေ့ရှိခဲ့တယ်။ မြီးကောင်ပေါက်အရွယ် လူငယ်ဘဝရောက်လာတဲ့အခါကျတော့ ကိုယ်ပိုင်ဉာဏ်နဲ့ စူးစမ်းဆင်ခြင်ရတာကိုပဲ သဘောကျလာတယ်။ သူများပြောသမျှ ခေါင်းညိတ်နေရတာမျိုးကို သိပ်သဘောမကျတော့ဘူး။ ဟိုလူက ဟိုဟာ ကောင်းတယ်ပြောပေမယ့် ဟုတ်မှဟုတ်ပါ့မလားလို့ စဉ်းစားလာတယ်။ ဒီလူက ဒီဟာမကောင်းဘူး ပြောပြန်တော့ ဒါရော တကယ်ဟုတ်ရဲ့ လားလို့ သုံးသပ်လာတယ်။ ဘဝမှာ အတွေးနယ်အချဲ့ဆုံးအချိန်က လူငယ်ဘဝကို ဖြတ်သန်းချိန်လို့များ ပြောရင် ရနိုင်မလားမသိဘူး။
Feb 17, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၆
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်သည့်အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနှင့်မြိုင်မြို့နယ်အတွင်း ကျေးရွာ ၆၀ လျှပ်စစ်မီးလင်းရေးအခမ်းအနားများကို ယနေ့ နံနက် ၉ နာရီက မကွေး တိုင်းဒေသကြီး မြိုင်မြို့၌ ကျင်းပသည်။
Feb 17, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁၆
စာရေးဆရာမ မလှမွန်(ရေနံ့သာ)၏ ယူဇနာမွှေး လုံးချင်းဝတ္ထုစာအုပ် မိတ်ဆက်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ က ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်း ခန်းမ၌ ကျင်းပသည်။
စာအုပ်မိတ်ဆက်ပွဲတွင် စာရေး ဆရာများဖြစ်ကြသည့် ဆရာ ရေနံ့သာ ဝင်းမောင်၊ ဆရာမ မစန္ဒာနှင့် ဆရာမ ဂျူးတို့က ယူဇနာမွှေးစာအုပ်နှင့် ပတ်သက်၍ အမှတ်တရစကားများ ပြောကြားကြသည်။
ထို့နောက် စာရေးဆရာမ မလှ မွန်(ရေနံ့သာ)က ယူဇနာမွှေးစာအုပ် ကို ရေးသားခဲ့ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
Feb 16, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁၆
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေး ဆုံးဖြတ်ချက် အမှတ်(၁) အကောင်အထည်ဖော်နိုင်ရန် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAO)၏ နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
Feb 16, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁၆
မြန်မာနိုင်ငံတစ်ဝန်း ကရာတေး အားကစားနည်းများ ကျယ်ကျယ် ပြန့်ပြန့် တိုးတက်ပွားများလာစေရန် ရည်ရွယ်လျက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်ကကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် ပထမအကြိမ် ကရာတေး ဒိုင်နှင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်း ရှိ မြန်မာနိုင်ငံ ကရာတေးအဖွဲ့ ချုပ် လေ့ကျင့်ရေးခန်းမ၌ ကျင်းပသည်။
Feb 16, 2020
မြိုင် ဖေဖော်ဝါရီ ၁၆
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၊ နံ့သာမြိုင် ခန်းမ၌ ကျင်းပသည်။
Feb 16, 2020
ပဲခူး ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ယနေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့နယ် စစ်ပင်ဆိပ်ကျေးရွာရှိ ဒိုးတန်းသာသနာ့နယ်မြေ ကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် အကျွတ်အလွတ် သိဒ္ဓိရှင်မြတ်စွာ ဘုရားရုပ်ပွားတော်အား ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကုသိုလ်ယူခဲ့ကြသည်။
Feb 16, 2020
(၁၆-၂-၂၀၂၀ ရက်နေ့၊ ည (၈း၀၀) နာရီ)
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည် ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Feb 16, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၆
ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဆင့်ပွား ဆွေးနွေးပွဲ(အခြေခံ ပညာ ကဏ္ဍ) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်း ဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ တောင်ငူ ပညာရေး ကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက အခမ်းအနား ကျင်းပ ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
Feb 16, 2020
ဘားအံ ဖေဖေါ်ဝါရီ ၁၆
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ဝိုင်းထော်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) ပြည်သာယာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါကွန်ကရစ်လမ်းသစ်မုခ်ဦး၌ ကျင်းပခဲ့သည်။
Feb 16, 2020
မုံရွာ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့ ညနေ ၅ နာရီက ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မောင်းကုန်းစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ကျန်းမာရေးဆေးခန်း အပ်နှံ လှူဒါန်းပွဲအခမ်းအနားများသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။