Skip to main content

Mar 05, 2020

ရန်ကုန်   မတ်   ၅

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်သည် အချိန်ပြည့် အလုပ်အမှုဆောင်များ ဖြစ်သည့် ဒေါက်တာတင်ညွန့်နှင့် ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ရခိုင်ပြည်နယ် စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းတို့နှင့်အတူ မတ် ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန် ကြက်ခြေနီအသင်းရုံးချုပ်တွင် အမေရိကန်ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ချီးမြှင့်သည့် “အပြည်ပြည်ဆိုင်ရာ လူမှုကရုဏာလုပ်ငန်းဆု (The International Humanitarian Services Award)” ကို အသင်းကိုယ်စား လက်ခံရယူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ရန်ကုန်  မတ်  ၅

ဗြိတိန်နိုင်ငံ လိုက်ဒန်တက္ကသိုလ်နှင့် မစ်ဒယ်ဆက်စ်တက္ကသိုလ်တို့မှ နိုင်ငံတကာ ဥပဒေပညာရှင် ပါမောက္ခ မစ္စတာ ဝီလျံရှေးဘတ်စ် သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ICJ အတွေ့အကြုံများနှင့် နိုင်ငံတကာ ဥပဒေဆိုင်ရာများကို ဟောပြောသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဂိမ်းအလွန်အကျွံစွဲလမ်းခြင်း (Gaming Disorder) ကို ရောဂါတစ်ရပ်အဖြစ် ၂၀၁၈ ခုနှစ် အတွင်းက စာရင်းသွင်းခဲ့သည်။ တန်ဆေး လွန်ဘေးဆိုသည့် ဆိုရိုးစကားအတိုင်းပင် ဗီဒီယိုဂိမ်းကစားခြင်းတွင် အကောင်း အဆိုး ဒွန်တွဲနေပြီး အလွန်အကျွံ ကစားမှုများကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

အမျိုးသားရေးတာဝန်ဆိုသည်မှာ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် တစ်မျိုးသားလုံး မဖြစ်မနေ ပါဝင်ထမ်းရွက်ကြရမည့်တာဝန်ကို ဆိုလိုသည်။ မူးယစ်ဆေးဝါးပြဿနာဖြေရှင်းရေးသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးတာဝန်ဖြစ်ပြီး မျက်မှောက်ကာလ တစ်ကမ္ဘာလုံးပျံ့နှံ့ ဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်ဖြေရှင်းရေးသည်လည်း လူသားအားလုံး နှင့်သက်ဆိုင်သည့် အမျိုးသားရေး တာဝန်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ် ၅

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ ဆဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

(၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ (၇၇) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

မကွေး  မတ် ၅

၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဦးတည်ချက်ဆောင်ပုဒ်မှာ မျိုးဆက်တိုင်း အတွက်လိုအပ်ချက် အမျိုးသမီးအခွင့်အရေးသိလျက်ဖော်ဆောင်ရွက် “ I am Generation Equality; Realizing Women’s Rights ” ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်အမှာ စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ် ၅

စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ ဒုတိယအကြိမ် သုတေသနစာတမ်း ဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2020

နေပြည်တော် မတ် ၅

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီနှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သည့် ကော်မတီဝင်များနှင့် UNCTFMR ဘက်မှ UNICEF, UNRCO, ILO, Save the Children , UNHCR,WFP, World Vision မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ဘားအံ  မတ်လ  ၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပညာရေးဝန်ကြီးဌာန၏ တိုင်းရင်းသားဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများ တွေ့ဆုံရှင်းလင်းပွဲကို ယနေ့ နံနက် ၉နာရီတွင် ကရင်ပြည်နယ်တိုင်းရင်းသား လူမျိုးများရေးရာရုံး၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ပြည်၊ မတ်  ၊၅

ပဲခူးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ ပြည်ခရိုင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ပြည်ခရိုင် မီးသတ်ဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီအချိန်တွင်ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ဝါးခယ်မ မတ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်သော (၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော် မတ် ၅

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ဘားအံ မတ် ၅

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှဦးစီး၍ တတိယအကြိမ်မြောက် ဘားအံတက္ကသိုလ်ရေသဘင်ပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ပရဝဏ်အတွင်း၌ကျင်းပရာ ဘာသာရပ်ပေါင်းစုံမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

မန္တလေး  မတ် ၅

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ အောက်ခြေစမ္မခဏ်နောက်ကျောဘက်တွင် အက်ကြောင်းများ ဖြစ်ပေါ်နေခြင်းအား ပြုပြင်မွမ်းမံဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်ပြီး ဂေါပကအဖွဲ့နှင့် ပညာရှင်များ၏ ပထမအကြိမ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ဘုရားကြီးရင်ပြင်တော်ရှိ မိုးကောင်းဓမ္မာရုံတွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

မန္တလေး မတ် ၅

ရှေးဦးကလေးသူငယ်ဘဝ အစောပိုင်းကာလ စာတတ်မြောက်ရေး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ပုံပြင်စာအုပ် အသုံးပြုခြင်း နည်းပြသင်တန်း ဖွင့်ပွဲကို မန္တလေးမြို့ရှိ Wilson Hotel တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင် နှင့် မန္တလေးမြို့အခြေစိုက်တိုင်းရင်းသားလူမျိုးစုများအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်  တို့က အမှာစကားပြောကြားသည်။ ထို့နောက် UNICEF မှ Education Specialist ဒေါက်တာအေးအေးရီ က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ဝါးခယ်မ မတ် ၅

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် လှေကျင်းရပ်ကွက် မဟာဓမိကာရုံကျောင်းတိုက်တွင် ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်သော ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေနှင့် စာရေးကိရိယာ ပစ္စည်းများပေးအပ်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ပခုက္ကူ  မတ် ၅

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး)၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေးအတွက် မကွေးတိုင်းဒေကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေသည် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ အလုပ်ရှင်၊အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်