Skip to main content

Mar 19, 2020

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကြီးမား ကျယ်ပြန့်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံ များစွာတို့မှာ အရေးပေါ် အစီအမံများချမှတ်ကာ ယောက်ယက်ခတ်လှုပ်ရှားနေကြရသည်။ နယ်စပ် ကူးသန်းသွားလာမှုများ ပိတ်ပင်ခြင်း၊ မိမိတို့၏ နိုင်ငံသားများ ပြည်ပသို့ထွက်ခွာခြင်းနှင့် နိုင်ငံခြား သားများ နိုင်ငံအတွင်းသို့ဝင်ရောက်ခြင်းတို့ကို ပိတ်ပင်ကန့်သတ်ခြင်း၊ ပြည်တွင်းသွားလာမှုများ၊ အိမ်တွင်းမှ အိမ်ပြင်ထွက်ခြင်းများကို တားဆီးကန့်သတ်ခြင်း၊ ဈေးများ၊ ကျောင်းများ၊ စားသောက် ဆိုင်များ၊ ကပွဲရုံများ ပိတ်ခြင်း စသည်ဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်မည့် အလားအလာများကို လျှော့ချရန် ကြိုးပမ်းမှုများကို နိုင်င

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် CoVID-19 ရောဂါနှင့်ပတ်သက်၍ မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တစ်ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။ ထိုသို့ကြေညာလိုက်သည်နှင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ထိုရောဂါကို တွန်းလှန်ဖယ်ရှား ကာကွယ်နိုင်ရန် အမျိုးသားရေးအသွင်ဖြင့် လှုပ်ရှား ဆောင်ရွက်နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

နေပြည်တော် မတ် ၁၈

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၂၀) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

နေပြည်တော် မတ် ၁၈

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်း အဝေး (၂၅) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ် စုစုပေါင်း ၆၅၄ ဦးအနက် ၆၂၉  ဦးတက်ရောက်ပြီး ၂၅ ဦးခွင့်တိုင် ကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

နေပြည်တော် မတ် ၁၈

“ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review - UPR) ဆိုင်ရာ အကြံပြုတိုက်တွန်းချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ” ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

ထားဝယ်  မတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်သည် အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက ထီးခီးကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမ၌ ထီးခီးဒေသ တာဝန်ကျဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

နေပြည်တော် မတ် ၁၈

အသက်ရှုလမ်းကြောင်းဆိုင်ရာ COVID – 19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအား အပူချိန်တိုင်းတာ စစ်ဆေးပေးခြင်းကို ယနေ့ကျင်းပ သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့တွင် စတင်ပြုလုပ်ခဲ့သည်။

ယင်းသို့ အပူချိန် ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းကို  အစည်းအဝေး မစတင်မီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းအဖွဲ့(၅)ဖွဲ့ဖြင့် လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကောင်တာ အနီးတွင် ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

ထားဝယ်    မတ်   ၁၈

2019 Novel Coronavirus (COVID- 19) နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းနှင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေ တင်ပြခြင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

နေပြည်တော် မတ် ၁၈

နေပြည်တော် မတ် ၁၈ ဘုရားပွဲတော်ကျင်းပလျက်ရှိသည့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားပွဲတော်အား မတ် ၂၁ ရက်တွင် ပိတ်သိမ်းတော့မည်ဖြစ်ပြီး ယခုအခါ ဆိုင်ခန်းများနှင့် တည်းခိုဆောင်များ ပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

မိတ္ထီလာ မတ် ၁၈

မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်၌   မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်း များကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁၉) အခြေခံ ပညာမူလတန်းကျောင်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

ရန်ကုန် မတ် ၁၇

 

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကြိုတင်ကာကွယ်မှုအဖြစ် မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်သည် ပြည်တွင်းပြည်ပ စစ်တုရင်ပြိုင်ပွဲများ ရွှေ့ဆိုင်းထားကြောင်း မတ် ၁၆ ရက်က စင်ထရယ်ဟိုတယ်၌ ကျင်းပသည့် (၄၆) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် စစ်တုရင် ချန်ပီယံရှစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်း အနားတွင် မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

မန္တလေး မတ် ၁၈

၂၀၂၀ပြည့်နှစ် ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ဖြေဆိုနေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ စာစစ်ဌာနများ၌ ကျောင်း သား၊ ကျောင်းသူများ၏ ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

ဘားအံ မတ်လ ၁၈

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က ဘားအံပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

နေပြည်တော် မတ် ၁၈

နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းသည် ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင်ပညာရေးမှူး ဒေါ်လှမျိုးဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးစောသန်းထွန်းတို့နှင့်အတူ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုလျက်ရှိသော ငန်းစပ် စာစစ်ဌာနနှင့် မင်းကုန်းစာစစ်ဌာနရှိ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှု အခြေအနေ၊ အေးချမ်းစွာ ဖြေဆိုနိုင်ရေး လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

တောင်ကြီး  မတ်  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့သည်  ယမန်နေ့ ညနေ ၄ နာရီ အချိန်တွင် စဝ်စံထွန်း ပြည်သူ ဆေးရုံကြီးတွင် လူနာဆောင်နှင့်ကုတင်(၅၀၀)ဆံ့၊ ငါးထပ်ဆောင်တို့ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

နေပြည်တော် မတ် ၁၇

 

အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ (NPSC) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးတင်ပြ

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

ပဋိဇီဝဆေးယဉ်ပါးခြင်းနှင့် အကြောင်းရင်းများ

 

ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသော ဗက်တီးရီးယားရောဂါပိုးမွှားများကို သေစေရန် သောက်သုံး ရသည့်ဆေးကို ပဋိဇီဝဆေး (Antibiotic) ဟုခေါ်သည်။ ထိုပဋိဇီဝဆေး များကို ဗက်တီးရီးယားပိုးများက ခံနိုင်ရည်ရှိပြီး ဆေးမတိုးတော့ခြင်းကို ပဋိဇီဝဆေး ယဉ်ပါးမှုဖြစ်ခြင်းဟု ခေါ်ပါသည်။ ပဋိဇီဝဆေး ယဉ်ပါးခြင်းကြောင့် ကူးစက်တတ်သောရောဂါများကို ကုသနိုင်စွမ်းများ လျော့နည်းသွားကြ ရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

တိုင်းရင်းသားတွေရဲ့ ဘာသာ၊ စာပေ၊ ရိုးရာယဉ်ကျေးမှုတွေကို ဖော်ထုတ်ပေးဖို့က ကျွန်မတို့ ကော်မတီရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အဓိက အဲဒါကိုပဲ ကျွန်မတို့ ဦးစားပေးပြီး ဆောင်ရွက်ပါတယ်

ဒေါ်နွယ်နွယ်အောင် (အမျိုးသားလွှတ်တော်တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဋ္ဌ)

ဆက်လက်ဖတ်ရှုရန်

Mar 18, 2020

နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကြွယ်ဝချမ်းသာမှုဆိုသည်ကို ၎င်းနိုင်ငံ၏ ပညာရေးစနစ်၊ ပြည်သူများ၏ ဉာဏစွမ်းအားကို ပံ့ပိုးထိန်းသိမ်းပေးသည့် စာသင်ကျောင်းများနှင့် တက္ကသိုလ်များ၏ အဆင့်အတန်း သည် အရေးပါသော ကဏ္ဍတစ်ခုဖြစ်၍ ၎င်းအဆင့်အတန်းများနှင့် သတ်မှတ်တိုင်းတာနိုင်သည်။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကောင်းမွန်မှု၊ တိုင်းပြည်၏ မျှော်လင့်ချက်များ ကြွယ်ဝဖြိုးမောက်ခဲ့မှု ပြယုဂ်ဖြစ်ခဲ့သည့် အမိတက္ကသိုလ်(ရန်ကုန်တက္ကသိုလ်)သည် ၁၉၂၀ ပြည့်နှစ်မှစတင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် နှစ်ပေါင်း ၁၀၀ တိုင်ရှိခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်