Skip to main content

Aug 24, 2020

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၀)ကို ယနေ့ နေ့လယ် (၂)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဇီးကုန်းမြို့နယ် ကူဖြူရွာသစ်ကျေးရွာ မီးလင်းရေးအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို ဆက်သွယ် မည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်း ရန်ကုန်မြို့ဘက်ခြမ်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း သည် နတ်တလင်းမြို့နယ် အနောက်ဘက်ပွဲသာကျေးရွာအုပ်စုနှင့် ချင်းကုန်းကံကျေးရွာအုပ်စုတို့၏ စားကျက်မြေကိစ္စ ဖြေရှင်းပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယနေ့နံနက် ၇ နာရီခွဲအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၃၄ စင်တီမီတာသို့ကျော်လွန်ရောက်ရှိနေရာ ဘားအံမြို့ မြေနိမ့်ပိုင်းရပ်ကွက် အချို့တွင် ရေများဝင်ရောက်လျက်ရှိရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဘားအံမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် လူနေအိမ်များ ရေဝင်ရောက်နေမှုနှင့် ရေဘေးစခန်းများတွင်ထားရှိနိုင်ရေး ယနေ့နံနက် (၈) နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ မိုးညိုမြို့နယ်ရှိ မြောက်လုပ်ကုန်း-ကရင်ချောင် မြစ်မခမြစ်ကူးတံတား ရန်ပုံငွေ ပေးအပ်ပွဲနှင့် ဆင်မနိုင်ဇုံအတွင်း ကျေးလက်ဆေးပေးခန်း ဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံပွဲကို သာယာဝတီခရိုင်၊ မိုးညို မြို့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သြဂုတ်လ ၂၂ ရက်၊ ညနေ(၄:၃၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများသည် ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် နေအိမ်ပြောင်းရွှေ့ ခဲ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ၁၂ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ဒုတိယလှိုင်းကြိုတင်ကာကွယ်ရေး၊ ပြည်သူများ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြဝတီမြို့ဘုရင့်နောင်ဈေးရှေ့၌ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများအဖွဲ့သည် ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက်၊ ပြည်၊ ပုသိမ်၊ တောင်ကုတ်၊ မုံရွာလမ်းဆုံတွင် ကိုဗစ်-၁၉ ကာကွယ် စစ်ဆေးရေးဂိတ် ၁၅ ပေ၊ ၆၀ပေ၊ အမြင့် ၁၃ ပေ သံကူအုတ်ပန္နက်ခံ တည်ဆောက်နေမှုအခြေအနေများအား ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယမန်နေ့ နေ့လယ် (၂) နာရီက ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဒေသခံပြည်သူများအား Social Distancing နှင့်အညီ တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

၂၀၂၀ ပြည့်နှစ် ပါတီစံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြည်စုံမှန်ကန်ရေးနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တနင်္သာရီတိုင်းဒေသကြီး လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်၀န်ကြီး ဦးကျော်မင်းဦးဆောင်သော မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့ မကျည်းကုန်းခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးရုံးတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ယမန်နေ့ နံက်ပိုင်းက တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီးတို့သည် တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ယမန်နေ့ နံနက်က မြန်အောင်မြို့နယ်၊ သပြေကုန်း ကျေးရွာရှိ ကံလှဆုတောင်းပြည့်ကျောင်း တိုက်တွင်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခြင်းနှင့်ဆရာတော်ဦးစန္ဒောဘာသထံမှ အနုမောဒနာ တရားများနာကြား၍ အမျှပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် တာဝန်ရှိသူများသည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်းဆောင်ရွက်လျက် ရှိသည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်သည် မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများသို့ ဆန်နှင့် အလှူငွေများကို သွားရောက် ထောက်ပံ့ လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ဖိလစ်ပိုင်နိုင်ငံသို့ DHL (အမြန် ချောပို့) ဖြင့် ပို့ဆောင်မည့် ငွေကျပ် ၇၆၅ သိန်းကျော် တန်ဖိုးရှိ အိုက်စ် (မက်အက်ဖက်တမင်း) များနှင့် ပါဝင်ပတ်သက်သော နိုင်ဂျီးရီးယား နိုင်ငံသားများအား ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဩဂုတ်လ ၂၂ ရက် ညနေပိုင်းတွင် ရန်ကုန်-ပုသိမ်လမ်း (ရန်ကုန်-ဗိုလ်မြတ်ထွန်းတံတားအပိုင်း) ၃၆ မိုင်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသည့် အမေရိကန်ပြည်ထောင်စုမှ မြန်မာ နိုင်ငံသား ၉၄ ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား ၃၀ စုစုပေါင်း ၁၂၄ ဦးတို့အား မြန်မာသံရုံး ဝါရှင်တန်မြို့နှင့် မြန်မာသံရုံး ဆိုးလ်မြို့တို့၏ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

၁။ (၂၃-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြုလုပ်ရန် ရက်ပေါင်း ၇၀ ကျော်သာလိုတော့သည်။ နိုင်ငံအတွက် အရေးကြီးသော ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၀ တွင် တစ်ကြိမ်၊ ၂၀၁၅ တွင် တစ်ကြိမ် နှစ်ကြိမ်ကျင်းပခဲ့ပြီး ယခု တတိယအကြိမ်အဖြစ် ပြုလုပ်တော့မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ရရှိထားသော ရွေးကောက်ပွဲအတွေ့အကြုံများနှင့်အညီ ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်