Dec 17, 2020
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဆိုင်ရာ မဟာဗျူဟာ အတည်ပြု ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အွန်လိုင်း စနစ်ဖြင့် ကျင်းပသည်။
Dec 17, 2020
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၃၁) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 17, 2020
ပွင့်ဖြူ ဒီဇင်ဘာ ၁၇
Dec 17, 2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်စံကိုက်ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းအိမ်ရာ အဆောက် အဦဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ ကုန်းဇောင်းတိုက်နယ်စံကိုက် ဆေးရုံဝန်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Dec 17, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင်သည့် ပြည်နယ်ဝန်ကြီးအဖွဲ့သည် ယနေ့နံနက် (၁၀)နာရီအချိန်ခန့် က မူဆယ်မြို့၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် မူဆယ်မြို့၊ ခရိုင်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး မူဆယ်ခရိုင်၊ နယ်စပ်ဒေသတွင် လက်ရှိလုပ်ငန်းစီမံဆောင်ရွက်လျက်ရှိသည့် အချက်အလက်များနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုအခြေအနေများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်နှင့် (၁၀၅)မိုင်၊ နယ်စပ်ကုန်သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးတို့က ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။
Dec 17, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများ ကုန်စည် စီးဆင်းမှု အခြေအနေများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အား ရှင်းလင်းခြင်းကို ယနေ့ နံနက်(၉)နာရီက မူဆယ်ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 17, 2020
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ ထားဝယ်မြို့ ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Dec 17, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်း က ကွတ်ခိုင်မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးစခန်းသို့ ထောက်ပံ့ငွေကြေးများ၊ စားသောက်ကုန်များနှင့် ကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်းများ လာရောက်ပေးအပ်ထောက်ပံ့သည်။
Dec 17, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင်သည့် ဝန်ကြီးအဖွဲ့မှ မူဆယ်မြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ်၌ တာဝန် ထမ်းဆောင်ကြသည့် မူဆယ်မြို့ (ကိုဗစ်-၁၉) စစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်ကြသည့် မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့ ဌာနဆိုင်ရာ၊ ပရဟိတနှင့် အဖွဲ့များအား ယမန်နေ့ ညနေ (၅)နာရီ အချိန်ခန့်က ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် အစားအစာများကို ပေးအပ်လှူဒါန်းသည်။
Dec 17, 2020
စင်ကာပူနိုင်ငံမှ အလှည့်ကျအိမ်ရှင် အဖြစ် ကျင်းပပြုလုပ်သည့် (၉)ကြိမ် မြောက် အာဆီယံ ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲ (ဒေသတွင်းအဆင့်) 9th ASEAN Quiz-Regional Level ပြိုင်ပွဲအား ဒီဇင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပမည် ဖြစ်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု ကျောင်းသူ သုံးဦးကလည်း မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (ပြည်လမ်း-ရန်ကုန်)ရှိ စတူဒီယိုခန်းမမှ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သဖြင့် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပနိုင် ရေးအတွက် အာဆီယံနိုင်ငံများရှိ ပြန်ကြားရေးဆပ်ကော်မတီ အသီးသီး မှ တာဝန်ရှိသူများ၊ ကြီးကြပ်သူ ဆရာ ဆရာမများ အပါအဝင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ စုပေါင်း၍ အကြို ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း၊ အစမ်းလေ့ကျင့်ခြင်းများကို ယမန်နေ့ နံနက်နှင့် မွန်းလွဲပိုင်းတို့တွင် အွန်လိုင်း မှတစ်ဆင့် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 17, 2020
လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းသည် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ဒဂုံမြို့သစ် လေးမြို့နယ်နှင့် သာကေတ၊ ဒေါပုံမြို့နယ်များသို့ ရေပေးဝေမည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
Dec 17, 2020
ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိ များ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်း အဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Dec 17, 2020
မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန်စီစဉ်ခဲ့သူများအား လူကုန် ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့ကြောင်း သိရသည်။
Dec 17, 2020
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ကာဒူကျေးရွာအုပ်စု၊ ခါနန်ကျေးရွာရှိ မျိုးဆော့(ခ)မာလ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၀၂၇ ကီလိုတို့ကို လည်းကောင်း။
Dec 17, 2020
ဒီမိုကရေစီ ပိန်းပိတ်မှောင်ကျ ခေတ်ကာလကို ဆန့်ကျင်တော်လှန် ကြရင်း၊ တရွေ့ရွေ့ ပြောင်းလဲလင်းလက်ဖို့ အာလာကာ ခေတ်သစ် ကို စတင် ချင်းနင်းလာပြီဖြစ်သော်လည်း ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတော်ဟူ၍ ဂုဏ်ဖော် ကြွေးကြော်လို့မရသေးသည့် အခြေအနေ ဖြစ်ပါသည်။
Dec 17, 2020
ပုဂံခေတ် “မြစေတီကျောက်စာ” သည် မြန်မာစာပေသမိုင်းတွင် ရှေးအကျဆုံး မြန်မာစာဖြစ်သည်ဟူသော မှတ်တမ်းအရ မြန်မာစာပေ ထွန်းကားလာ သည်မှာ နှစ်ပေါင်း တစ်ထောင်ခန့်ရှိပြီဖြစ်သည်။ ယင်းမှစ၍ ရှေးအစဉ်အဆက် ထင်ရှားပြောင်မြောက်သည့် မြန်မာစာဆိုများနှင့်စာပေများ ပေါ်ထွန်းလာ သည်တို့ကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံအား မိမိတို့၏ကိုယ်ပိုင်စာပေကို မြတ်နိုးတန်ဖိုးထားသော နိုင်ငံအဖြစ် ဂုဏ်ယူဖွယ်ရာ ရှုမြင်ခံစား ရမည်ဖြစ်ပါ သည်။
Dec 16, 2020
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြု သော အားဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများ အနက်မှ (၇၅)ပုဒ်ကိုရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် လျှက်ရှိရာ ဒီဇင်ဘာ ၁၈ ရက် ညတွင် ပွဲစဉ် (၂)ကို ဆက်လက်ဖျော်ဖြေမည် ဖြစ်သည်။
Dec 16, 2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို အသိပညာ မျှဝေပေး မည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ” ကို နိုဝင်ဘာ၂၅ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့ များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသလျက်ရှိသည်။
Dec 16, 2020
(၁၅-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၃,၁၀၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၂၃၃) ဦး တွေ့ရှိရပါသည်။
Dec 16, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ ညနေပိုင်းတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Hai Kyung Jun အား လက်ခံတွေ့ဆုံပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လှူဒါန်းသည့် ကိုဗစ်-၁၉ ဓာတ်ခွဲမှု PCR Test Kit များအား လက်ခံသည်။