Dec 18, 2020
အာရှ-ပစိဖိတ် မြို့တော်များ ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေးနှင့် မကူးစက်တတ်သော ရောဂါများ ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်အဖွဲ့ (APCAT) က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၅) ကြိမ်မြောက် အာရှ-ပစိဖိတ် မြို့တော်ဝန်များ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နီပေါနိုင်ငံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင် ပါဝင်တက်ရောက်သည်။
Dec 18, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး မြို့စည်ပင်သာယာရေးမှဆောင်ရွက်နေသော ကတ္တရာ ကွန်ကရစ်ဖျော်စက် တည်ဆောက်မည်နေရာအား ယနေ့ ညနေ(၃)နာရီက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Dec 18, 2020
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊
Dec 18, 2020
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Ranieri Sabatucci ဦးဆောင်သော မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီ တွင် Video Conference စနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့သည်။
Dec 18, 2020
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseening Flights Tour) ကို Myanmar National Airlines က ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
Dec 18, 2020
လတ်တလောဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားနှုန်းလျော့ကျလာရေး၊ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အဓိကမှာ ပြည်သူ ပြည်သားများပင် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ လျော့ကျထိန်းချုပ်နိုင်ရေးမှာ နှာခေါင်းစည်းတပ်ရန်၊ လက်ဆေးရန်၊ ခပ်ခွာခွာနေထိုင်ရန် အချက် သုံးချက်သည် အဓိကဖြစ်သည်။ ထိုအချက်သုံးချက်ကို အမှန်တကယ်လိုက်နာလျှင် ဖြစ်ပွားနှုန်း လျော့ကျပြီး ကိုဗစ်-၁၉ ရောဂါကို လက်တွေ့ထိန်းချုပ်နိုင်မည် ဖြစ်သည်။
Dec 18, 2020
သက်ရှိသတ္တဝါဟူသမျှ အာဟာရဟူသော အထောက်အပံ့ကြောင့် အသက်ရှင်သန်ကြရသည်။ လူသားအပါအဝင် သက်ရှိ သတ္တဝါတို့၏ အသက်ရှင်ကျန်းမာရေး၊ ခန္ဓာကိုယ်ရှင်သန် တည်တံ့ရေးအတွက် လိုအပ်သော ဩဇာဓာတ်တို့ကို အစားအစာ အာဟာရ စားသောက်ခြင်းမှ ရရှိနိုင်သည်။ အာဟာရချို့တဲ့သည့်အခါ ကိုယ်ခန္ဓာ ကြုံလှီသေးငယ်ပြီး ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှု လည်း နိမ့်ကျနိုင်သလို ရောဂါအမျိုးမျိုးတို့ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်သည်။
Dec 17, 2020
(၂၅) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ မိဘရပ်ထံ ပြန်လည်အပ်နှံရေးနှင့် မိသားစုပေါင်းစည်း ရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၉ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။
Dec 17, 2020
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP) (2021-2030) ရေးဆွဲရေးအတွက် တိုင်းရင်းသားပညာရေးနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေး ဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Dec 17, 2020
ပညာရေးဝန်ကြီးဌာနက ကျင်းပသော ၂၁ ရာစု မြန်မာနိုင်ငံအဆင့်မြင့် ပညာရေးကဏ္ဍ၏ စိန်ခေါ်မှုသစ်များ (New Challenges for Higher Education in the 21st Century Myanmar) ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြပွဲကို ယနေ့ ညနေ ၅ နာရီခွဲတွင် Online စနစ်ဖြင့်ကျင်းပသည်။
Dec 17, 2020
Myanmar Digital Education Platform တွင် DTVET Learning Management System စတင်လွှင့်တင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Dec 17, 2020
မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည်။
Dec 17, 2020
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၀) ဆုံးဖြတ်ချက်အရ မသန်စွမ်းသူများ အနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ (Barrier Free Tourism Pilot Project) ဝန်ဆောင်မှုများနှင့် လုပ်ငန်းအစီအစဉ် တို့ကို အများနည်းတူ ရရှိခံစားနိုင်ရေးအတွက် သေချာစေမည့် အမျိုးသားအဆင့် လုပ်ငန်းစဉ်တစ်ရပ်ချမှတ်နိုင်ရန် အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြန်လည် ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။
Dec 17, 2020
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တင်ဒါအောင်ကုမ္ပဏီများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု ရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 17, 2020
(၁၆-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၃,၁၈၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၈၂) ဦး တွေ့ရှိရပါသည်။
Dec 17, 2020
မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည် ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ (ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Dec 17, 2020
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ စစ်ဆေး အကဲဖြတ်သူများအဖြစ် အတည်ပြု ခန့်ထားနိုင်ရေး Online ဖြင့် ပို့ချသော Assessor Methodology Online Training (10th Batch)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 17, 2020
(၁၆-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများ၌ တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၃၃) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Dec 17, 2020
Olympic council of Asia ၏ (၃၉) ကြိမ်မြောက် General Assembly အစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက်က အိုမန်နိုင်ငံ၊ Muscat မြို့တွင် ဒေသစံတော်ချိန် နံနက် (၁၀) နာရီ၌ ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပခဲ့သည်။
Dec 17, 2020
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဆိုင်ရာ မဟာဗျူဟာ အတည်ပြု ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အွန်လိုင်း စနစ်ဖြင့် ကျင်းပသည်။