Feb 03, 2025
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Feb 03, 2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်း၌ တည်ရှိသည့် မဲဇလီရေလွှဲဆည်ကြီးသည် ဒေသတွင်းရှိ တောင်သူများအတွက် သီးနှံဝင်ငွေတိုးပွားရေးနှင့် နိုင်ငံတော်အတွက် သီးနှံစိုက်ပျိုး စွမ်းအားတိုးတက်မြင့်မားရေးကို နှစ်စဉ်အကျိုးပြုနေသည့် ဆည်ကြီးတစ်ခုပင်ဖြစ်သည်။
Feb 03, 2025
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Feb 03, 2025
(၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
Feb 03, 2025
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၁) ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ကျင်းပသည်။
Feb 03, 2025
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်းတည်ရှိသည့် ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ ရှားပါးစာရင်းဝင် ဘင်္ဂလားကျား၊ ဝက်ဝံမျိုးစိတ်နှင့် တောရိုင်းတိရစ္ဆာန်များ၏ ကျက်စားနေထိုင်မှုကို ကင်မရာထောင်ချောက် ၂၄ လုံးတပ်ဆင်၍ ရက် ၉၀ ကြာ မှတ်တမ်းတင်စာရင်းပြုစုနေကြောင်း ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
Feb 03, 2025
လားဟူတိုင်းရင်းသားလူမျိုးစုသည် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ စာပေ၊ သမိုင်းအခိုင်အမာတည်ရှိပြီး တစ်နှစ်တာရာသီကာလအတွင်း လားဟူတိုင်းရင်းသားတို့ ကျင်းပကြသည့်ပွဲတော်များထဲတွင် စုပေါင်းနှစ်သစ်ကူးပွဲတော်ကို အထွတ်မြတ်ဆုံး၊ အကြီးကျယ်ဆုံးပွဲတော်အဖြစ် သတ်မှတ်ထားရှိကာ ထင်းရှူးပင်များ အဖူးဖူးသည့်အချိန်၊ ချယ်ရီ၊ မက်မန်း၊ မက်မွန်ပင်များ အပွင့်ပွင့်သည့်အချိန်တွင် ကျင်းပသည်။
Feb 03, 2025
မြန်မာနိုင်ငံသည် သဘာဝကပေးထားသည့် ရာသီဥတု၊ မြေအနေအထား၊ တည်နေရာ၊ မြေမျက်နှာပြင် အခြေအနေတို့အရ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကောင်းစွာဖြစ်ထွန်းသည့်နိုင်ငံဖြစ်ခြင်းကြောင့် အခြေခံအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ဆောင်သည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး လူဦးရေ ၄၅ ဒသမ ၃ ရာခိုင်နှုန်းခန့်သည် လယ်ယာ၊ သားငါး၊ သစ်တောနှင့် ဆက်စပ်လုပ်ငန်းများ လုပ်ကိုင်ကြသည်။
Feb 03, 2025
နိုင်ငံရေးကို အခြားနည်းကျင့်သုံးရာမှ လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာသည်ဟု အဆိုရှိသည်။ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာရှိသကဲ့သို့ နိုင်ငံရေးပါတီများစွာ၊ အစိုးရကို ဆန့်ကျင်ပုန်ကန်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းလည်း များစွာရှိသည်။ မြေပေါ်မှ နိုင်ငံရေးပါတီများရော၊ တောတွင်းမှ လက်နက်ကိုင်များပါ အများအပြား ဖွဲ့စည်းဖြစ်ပေါ်နေခြင်းသည် အတွေးအမြင်၊ ခံယူချက်၊ ယုံကြည်ချက်၊ မူဝါဒ၊ သဘောထား စသည်ဖြင့် အဘက်ဘက်တွင် မတူကွဲပြားခြားနားခြင်းကြောင့်ဟု ဆိုရမည်ဖြစ်သည်။
Feb 02, 2025
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။