Nov 18, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၁၆ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၉၁ ဦးနှင့် လောက်ကိုင်မြို့သို့ပြန်လည်ဝင်ရောက်လာသူ မျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၅ ဦးတို့ကို အသီးသီးလက်ခံခဲ့ကြသည်။
Nov 18, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Nov 18, 2021
သုံးလောကထွတ်ထား သဗ္ဗညုတမြတ်စွာဘုရားရှင်သည် သာမညဖလသုတ္တန် ဒေသနာတော်ကို တန်ဆောင်မုန်းလပြည့်နေ့ညတွင် အဇာတသတ်မင်းကြီးအား ဟောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကိုသာမညဖလ အခါတော်နေ့ဟု အထူးပြုခဲ့ပါသည်။ သာမညသည် ရဟန်း၊သာမဏေပြုလုပ်ခြင်း၊ ဖလသည် အကျိုးကျေးဇူးဖြစ်သည်။ ရဟန်းသာမဏေ၏ အကျိုးကျေးဇူးကို စတင် သိရသောနေ့ဖြစ်သည်။
Nov 18, 2021
တန်ဆောင်မုန်းလ ည၏ကောင်းကင်သည် ဆီးနှင်းမြူတိမ်တို့ ပကတိကင်းစင်လျက် ကြည်လင်၍နေသည်။ လပြည့်ည ဝန်းစက်သော လမင်းသည်လည်း ကြယ်နက္ခတ်အပေါင်းတို့ ခြံရံကာ မြေကမ္ဘာကို အလင်းဓာတ်တို့ ဖြန့်ကြက်ပေးနေသည်။ ညသည် ကြည်လင်နေသည်။ ညသည် အေးမြနေသည်။ ညသည် တောက်ပနေသည်။ ညသည် တိတ်ဆိတ်နေသည်။ အာဏာကို အာသာ ငမ်းငမ်းရယူလိုသည့် ရမ္မက်မီးတို့ တညီးညီးတောက်လောင်လျက် မိမိ၏လိုဘကို ဖြည့်ရန်အလို့ငှာ အဖအရင်းကို သတ်ခဲ့သော ဘုရင်အဇာတသတ်အား ထိုလပြည့်ညက ညှို့ယူဆွဲဆောင် နေလေသည်။ သူသည် ရာဇပလ္လင်ပေါ်ထိုင်နေရသည်တိုင် မင်းစည်းစိမ်တို့ကို မခံစားနိုင်ဘဲ အဖကို သတ်ခဲ့မိသော ပဉ္စာ နန္တရိယကံကြီးကခြောက်လှန့်မှုကြောင့် အချိန်တိုင်းမှာ ပူပန်နေရသလို ညတိုင်းမှာလည်း ခြောက်အိပ်မက်များနှင့် အိပ်ပျက်ရပေါင်း များခဲ့ပြီဖြစ်သည်။
Nov 17, 2021
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၂ ရက်တွင် လုံခြုံရေးပူးပေါင်း အဖွဲ့သည် သတင်းအရ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အင်းဝအိမ်ရာတွင် အောင်ဇင်ဖြိုး(ခ)မင်းကြီး (၁၉)နှစ်အား ဖမ်းဆီးရမိခဲ့သည်။
Nov 17, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Nov 17, 2021
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက် ၇ နာရီ မိနစ် ၄၀ တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၁၃) ကြိမ်မြောက် အဆင့်မြင့် စကားဝိုင်း ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်သည်။
Nov 17, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် (၇) နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၁၀)ကြိမ် မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများအစည်းအဝေးကို နေပြည်တော်ရှိ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးရုံးမှ တက်ရောက်ခဲ့သည်။
Nov 17, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များ၊ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ ဗစ်တိုးရီးဟိုတယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးကြီးသိန်းလင်း၊ ဦးမောင်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 17, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေး လျက်ရှိရာ နိုဝင်ဘာ ၁၅ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၃၆ ဦး၊ စုစုပေါင်း ၉၉ ဦးနှင့် လောက်ကိုင်မြို့သို့ပြန်လည်ဝင်ရောက်လာသူ မျိုးသား ၁ ဦးတို့ကိုလည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ သို့ပြန်လည် ဝင်ရောက် လာသူ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၈၂ ဦး စုစုပေါင်း ၁၈၈ ဦးတို့ကို အသီးသီးလက်ခံခဲ့ကြသည်။
အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခြင်းကြောင့်' ရဟန်း သံဃာတော် ၁၂ ပါး ပျံလွန်တော်မူခဲ့
Nov 17, 2021
မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း ၈ ပုဒ်မ ၃၆၁ တွင် နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု သတ်မှတ် ပြဋ္ဌာန်းထားပြီး မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ထုံးတမ်း အစဉ် အလာများအရ ရဟန်း သံဃာတော်များကို ကိုးကွယ်ဆည်းကပ်ရာအဖြစ် သတ်မှတ်ရိုကျိုးကြ သူများ ဖြစ်ပါ သည်။ ရဟန်း သံဃာတော်များ၏ အဆုံးအမဩဝါဒဖြင့် ကြီးပြင်းသည့် လူနေမှုစရိုက်ကို အခြေပြုကာယဉ် ကျေးပျူငှာ မှုရှိသည့် နိုင်ငံအဖြစ်ရပ်တည်လျက်ရှိပြီး ရဟန်း သံဃာတော်များ၏ သာသနာတော်အရေး ကြိုးပမ်းထမ်း ဆောင်ခဲ့မှု များကြောင့် ဗုဒ္ဓဘာသာကိုးကွယ်မှုများပြားသည့် နိုင်ငံများအနက် ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများကပင် အသိအမှတ်ပြုထားရသည့် နိုင်ငံဖြစ်ပါသည်။
Nov 17, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေး စခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂) နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 17, 2021
အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေ အကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး ကြိုးပမ်းရေးသားပြုစုခဲ့သူများအား လေးစားအသိ အမှတ်ပြု သောအားဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုများ ပေးအပ်နိုင်ရေး စိစစ်ရွေးချယ် ထုတ်ပြန်ခဲ့ရာ ဆုရရှိသော စာရေးဆရာကြီးများအား မြန်မာ့အလင်းက ဆက်လက်တွေ့ဆုံဂါ ရဝပြုမေးမြန်း ခဲ့သည်။
Nov 17, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာ သော ဈေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၂သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်း ဆီများကို နိုဝင်ဘာ ၉ ရက်မှ စတင်ပြီး တိုင်းဒေသကြီး/ ပြည် နယ်ဒေသ အသီးသီးရှိ လက်လီ/ လက်ကား ရောင်းချသူများသို့ တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၄၂၄၀ဖြင့် နေ့စဉ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့ အတွက် စားအုန်းဆီ တန်ချိန် ၆၇၆၇ ဒသမ ၆၉ တန်၊ ပိဿာ ၄၁၄၁၈၃၀ ရောင်းချခဲ့ပြီး ဖြစ်သည်။