Jun 29, 2022
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်၌ ဆက်လက်ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Jun 29, 2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်၏ ဥကရစ်ထ စစ်ဆင်ရေးခြေကုတ်စခန်းသို့ ဇွန် ၂၆ ရက်မှစ၍ PDF အမည်ခံအကြမ်းဖက်သမားများနှင့် KNLA ပူးပေါင်းအဖွဲ့တို့မှ အင်အားအလုံးအရင်းဖြင့် နေ့စဉ် အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်။
Jun 29, 2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ဘောလုံး အားကစားကွင်းနှင့် ပွဲကြည့်စင်ကိုလည်းကောင်း၊ ပြည်ခရိုင် အားကစားခန်းမနှင့် ဘောလုံးအားကစားကွင်းတို့ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
Jun 29, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Jun 29, 2022
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ရန်ကုန်မြို့သို့ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဗဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E.Mr.CHHOUK Bunna နှင့် သံရုံးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။
Jun 29, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
Jun 29, 2022
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဇွန် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသည့် မြေမြှုပ်မိုင်း တားဆီးပိတ်ပင် ရေးစာချုပ်(APMBC)၏ ၂၀၂၂ ခုနှစ် Intersessional Meeting သို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
Jun 29, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးရှိ အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Jun 29, 2022
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 29, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ မြန်မာနိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များဘဏ္ဍာတိုက် (MSTIP Portal)နှင့် MSTIP Mobile App တို့နှင့် ပတ်သက်သည့်ဆွေးနွေးပွဲသို့ တက်ရောက်သည်။
Jun 29, 2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ အားကစားကွင်းနှင့် အားကစားရုံ များကိုလည်းကောင်း၊ သာယာဝတီမြို့ မိုးလုံလေလုံ အားကစားခန်းမနှင့် သာယာဝတီခရိုင် အားကစားကွင်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
Jun 29, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ ရတနာပုံခေတ် အမျိုးသား/ အမျိုးသမီးဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) နှစ်မျိုးကို ၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ဝါဆိုလဆန်း ၂ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ပုံမှန်ရောင်းချပေးသွားမည် ဖြစ်သည်။
Jun 29, 2022
ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များ သည် ဇွန် ၂၅ ရက် ည ၉ နာရီ မိနစ် ၅၀ ခန့်တွင် မသင်္ကာဖွယ် စက်လှေတစ်စင်းတွေ့ရှိသဖြင့် စစ်ဆေးရန်အတွက် မီးအချက်ပြ ခေါ်ယူခဲ့သော်လည်း စက်လှေမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မြေပုံမြို့နယ် ကျွန်းသာယာ အနောက်တောင်ဘက် ၉ မိုင်ခန့် အကွာသို့အရောက်၌ လှေသားများမရှိတော့သော အဆိုပါစက်လှေကို တွေ့ရှိခဲ့သည်။
Jun 29, 2022
အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ (40th Senior Officials Meeting on Energy (SOME) and Associated Meetings) ကို ယနေ့ တွင် ကမ္ဘောဒီးယားနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကြီးမှူးကျင်းပလျက်ရှိရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစွမ်းအင်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် (Head Of Delegation) စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမော်နှင့်အတူ စွမ်းအင်ဆိုင်ရာကဏ္ဍခွဲအလိုက် တာဝန်ရှိသူများ တက်ရောက်သည်။
Jun 29, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် ဖိုးဇောင်တောင်(၃)ကြိုးဝိုင်းတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သတ်မှတ်နေရာတွင် မဟော်ဂနီပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးများက ကျွန်းနှင့်တမလန်း ပျိုးပင်များကို စိုက်ပျိုးပေးသည်။
Jun 29, 2022
(၃၆) ကြိမ်မြောက် အာဆီယံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင်များ အစည်းအဝေး (The 36th ASEAN Head of Specialist Anti-Trafficking Unit-HSU) ကို ယနေ့နံနက် ၈ နာရီခွဲတွင် ရုံးအမှတ်(၃၈)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jun 29, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
မုတ်သုံလျှပ်တစ်ပြက် Futsal အားကစားပြိုင်ပွဲနှင့် ဌာနပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲများ ကျင်းပ
Jun 29, 2022
ဝန်ကြီးဌာနရှိ နိုင်ငံဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်ရေး၊ စွမ်းဆောင်ရည် မြင့်မားရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှုအပြင် ဝန်ထမ်းများ၏ စိတ်အပန်းပြေ ပျော်ရွှင်စေရေး၊ ဝန်ထမ်းတိုင်း မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ဌာနအချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးတို့အတွက် ရာသီအလိုက် အားကစား ပြိုင်ပွဲများ ကျင်းပပေးနေခြင်း ဖြစ်ကြောင်း၊
Jun 29, 2022
မြန်မာနိုင်ငံသည် ရှေးအခါကာလက သစ်တောသစ်ပင်များဖြင့် စိမ်းလန်းသာယာလှပသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် သစ်တောသယံဇာတ ပေါများကြွယ်ဝလှသဖြင့် နိုင်ငံတစ်ဝန်းတွင် သစ်တောများဖုံးလွှမ်းလျက်ရှိသည်။ ၂၀၀၀ ပြည့်နှစ်တွင် သစ်တောဖုံးလွှမ်းမှု ၅၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသဖြင့် နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု လျော့နည်းလာသည်ကို တွေ့ရမည်။
Jun 29, 2022
လူဖြစ်လာသည့်အခါ လောက၏ကောင်းကျိုးကို ဆောင်ရန်၊ အမိ အဖ မိသားစု အဆွေအမျိုးနှင့် မျိုးနွယ်(လူမျိုး)တို့၏ ကောင်းကျိုးကိုဆောင်ရန်နှင့် မိမိကိုယ်တိုင်ကိုလည်း ကောင်းအောင် မြှင့်တင်နိုင်ရန် လိုအပ်သည်။ အများအကျိုး၊ ကိုယ့်အကျိုးကို ဆောင်နိုင်ရန်အတွက် လိုအပ်ချက်တစ်ရပ်မှာ ပညာတတ်ဖို့ဖြစ်သည်။ ပညာသည် အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်တို့ကို ဝေဖန်ပိုင်းခြားသိမြင်နိုင်ရန် သင်ကြားရခြင်းဖြစ်ရာ ပညာဉာဏ်အရောင်ဖြင့် လောကကိုအလင်း ဆောင်ခြင်းဖြစ်ပြီး ပညာဆိတ်သုဉ်းပါက လောကသည်လည်း မှောင်အတိကျလိမ့်မည်ဖြစ်သည်။
