Apr 25, 2023
ရာသီဥတုက တစ်နှစ်ထက်တစ်နှစ် ပိုပြီးပူလာတယ်။ အိမ်ထဲထိုင်နေတာတောင် ချွေးတွေရွှဲနေတော့ ဘယ်လိုနေရမှန်း မသိတော့ဘူး။ အပြင်ထွက်နေရတဲ့သူဆို ပိုဆိုးပေါ့။ တစ်နေ့လုံး အဲကွန်းဖွင့်နေဖို့ဆိုပြန်တော့ ကန့်သတ်ချက်တွေက အများသား။ နေ့လယ်နေ့ခင်း အပြင်ထွက်ဖို့ အတော်သတ္တိမွေးရတယ်။ အပြင်ထွက်လိုက်ရင် အထက်မီးအောက်မီးမုန့်လိုပဲ။ ဒါပေမယ့်လည်း သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေပူစပ်ခါးထဲ မဖြစ်မနေထွက်နေရတာတွေလည်း ရှိတာပေါ့။
Apr 25, 2023
ကျောင်းသား ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ယနေ့တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ကြသည်။
Apr 25, 2023
အခြေခံပညာကျောင်းများမှ ပညာရည်ပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံသားကောင်း၊ လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး ပြုစုပျိုးထောင်ပေးရန်ရည်ရွယ်၍ နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
Apr 25, 2023
“ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာများ” ဖိုရမ်ကို ရုရှားနိုင်ငံမော်စကိုမြို့၌ စတင်ကျင်းပနေပြီဖြစ်သည်။ ဧပြီ ၂၂ ရက်က မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့ ရောက်ရှိ သည်။ ကိုယ်စားလှယ်အဖွဲ့တွင် အကျိုးအမြတ်မယူ သောကဏ္ဍမှ ကိုယ်စားလှယ်များ၊ သိပ္ပံနှင့် ပညာရှင်အသိုက်အဝန်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်သူနှင့် ပြည်နယ်ဖွဲ့စည်းပုံဆိုင်ရာ အဖွဲ့ဝင်များ ပါဝင်ကြသည်။
Apr 25, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) မှ အာရှပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး (IFRC Regional Director for Asia-Pacific Region) Mr. Alexander James Matheou၊ IFRC ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. Nadia Christine KHOURY (Head of Delegation, IFRC) နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့တို့ကို ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
Apr 25, 2023
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 25, 2023
မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် ဧပြီလလယ်မှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မသက်မှု များကြောင့်လည်းကောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပြန် တိမ်များဖြစ်ထွန်း၍ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုကြောင့် လည်းကောင်း လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည်ဟု ဧပြီလ ၁၉ ရက်နေ့က မိုးလေဝသဌာနက အသိပေးနှိုးဆော်ခဲ့သည်။
Apr 25, 2023
လူငယ်ဟူသည် အနာဂတ်လူ့ဘောင်ကို ပိုင်စိုးကြသူများ၊ အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့် နိုင်ငံ၏အရင်းအမြစ်များဖြစ်ကြသည်။ လူငယ်များကို မှန်ကန်စွာလေ့ကျင့် ပျိုးထောင်ပေးခြင်းဖြင့် ဖြစ်ထွန်းလာမည့် တန်ဖိုးမြင့်လူ့စွမ်းအား အရင်းအမြစ်များဖြင့်သာ အနာဂတ်နိုင်ငံတော်ကို မြင့်မားအောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ်မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံသူ လူငယ်များဖြင့်သာ နိုင်ငံကိုကောင်းအောင် တည်ဆောက်သွားနိုင် မည်ဖြစ်သည့်အလျောက်လူငယ်များကို ဗလငါးတန်နှင့် ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်သွားကြရမည်ဖြစ်သည်။
Apr 24, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Apr 24, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Jasmine Hotel ၌ လက်ခံတွေ့ဆုံသည်။
Apr 24, 2023
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့၊ ရန်ကုန် - ပဲခူးလမ်းမကြီး၊ အမှတ်(၈၃)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD)ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ၏ မှတ်ပုံတင်အမှတ်မှာ (၂) ဖြစ်ပါသည်။
Apr 24, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၅) ကျောင်းသား၊ ကျောင်းသူများကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ငုရွှေဝါခန်းမ၌တွေ့ဆုံ အမှာစကားပြောကြားသည်။
Apr 24, 2023
လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင် သောအနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ယနေ့တွင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ကြသည်။
Apr 24, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၄-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
Apr 24, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၃-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၉၉၃) ခုအား စစ်ဆေးပြီးစီး ခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၅၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၅၇) ရာခိုင်နှုန်း ရှိပါသည်။
Apr 24, 2023
ရေသောက်စနစ်အတွင်း စိုက်ပျိုးရေ အညီအမျှ ရရှိသုံးစွဲနိုင်ရေး၊ သီးနှံစိုက်ခင်းများ၏ ရေလိုအပ် ချက်နှင့် ရေပေးဝေမှုဟန်ချက်ညီစေရေး၊ ရေလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဧပြီ ၂၁ က မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ ထရုံလက်တံမြောင်းဖျား ဧရိယာတွင် ဆိုလာစနစ် စက်ရေတွင်း ၂၀ တူးဖော်ခြင်း လုပ်ငန်းခွင်၌ ဌာနဆိုင်ရာများ ဒေသခံတောင်သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက မှာကြားသည်။
Apr 24, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လယ်ဝေးမြို့နယ် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများမှ လေဘေးသင့် ပြည်သူများအား သွားရောက်တွေ့ဆုံသည်။
Apr 24, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai အား ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ယုဇနဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။
Apr 24, 2023
The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိကြသည်။
Apr 24, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်ရှီးပြည်နယ် ရှီအန်းမြို့၌ ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် အာရှယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့တည်ထောင်မည့် အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
