Skip to main content

Jun 26, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ဆိုင်ကလုန်းမိုခါ ကျရောက်ခဲ့သော ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို အားဖြည့် ဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ အထူးကုဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအပြင် အထွေထွေရောဂါကု သမားတော်၊ ခွဲစိတ်အထူးကု၊ အရိုးအထူးကု၊ ကလေးအထူးကုဆရာဝန်များ ပါဝင်သော အထူးကု ဆေးအဖွဲ့များ စေလွှတ်၍ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အငြိမ်းစားအထူးကုဆရာဝန်ကြီးများ၊ လက်ရှိ တာဝန်ထမ်း ဆောင်ဆဲ အထူးကုဆရာဝန်ကြီးများ၊ ပုဂ္ဂလိကအထွေထွေ ရောဂါကုဆရာဝန်များပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ဝိသာခါဖောင်ဒေးရှင်း၏ ပူးပေါင်းကူညီပံ့ပိုးမှုဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့၌ ဒေသခံပြည်သူများကို ဆေးကုသမှု များ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့နံနက်ပိုင်းတွင် ရှမ်း ပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)စက်ရုံ အစည်းအဝေးခန်းမ၌ ဝန်ထမ်း များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2023

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေ မြို့၌ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(စစ်တွေ)၊ ရေချမ်းပြင်ဘူတာ၊ အားကစားနှင့် ကာယပညာသိပ္ပံ(စစ်တွေ)၊ ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အအုံ၊ ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်း ချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်းတွင် ပလက်ဝမြို့ရှိ နယ်မြေခံတပ်ခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်များနှင့် အကြမ်း ဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက် ဆက်သွယ် သတင်းပေးပို့မှုအရ NUG၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများသည် စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာနှင့် လက်ပံတောကျေးရွာများအနီး လက်နက်၊ ခဲယမ်းများ နှင့်အတူ ခိုအောင်းနေကြောင်းသိရှိရသဖြင့် တပ်မတော်စစ်ကြောင်းများက ယနေ့တွင် သွားရောက် ချေမှုန်း တိုက်ခိုက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမား အလောင်းအချို့၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း များကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုး နိုင်ရန်အတွက် လိုအပ်သော မျိုးစပါးများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့်မျိုးစပါးများကို တင်ပို့ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင် စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ် ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်း ဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေး အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

၁။မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင် ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့်ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် လှူဒါန်းမှုများပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် ပြည်သူများအသုံးပြုမှုများပြားသည့် မိုဘိုင်းတယ်လီဖုန်းများမှတစ်ဆင့် SMS(စာတို)ဖြင့် လှူဒါန်းငွေများပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း၏ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့အား ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဝင်ဒမ်ဂရန်းရန်ကုန်ဟိုတယ်၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော နိုင်ငံရေးပါတီများ၏ ပါတီလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းရှိ၊ မရှိ ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း၊ ဦးအောင်မိုးမြင့်၊ ဦးကိုကိုလွင်နှင့် ဦးသန်းအောင်ကျော်တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လွှတ်တော်အဆောက်အအုံရှိ ပယင်းခန်းမ၌ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party)နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီတို့မှ ဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2023

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ရောက်ရှိနေသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် စစ်တွေမြို့ ကစ္ဆပရပ်ကွက်ရှိ ရန်ပြေမာန်ပြေ ဘုရားပတ်ဝန်းကျင်နှင့် ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အနောက်ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်အတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအား စတုဒိသာကျွေးမွေးရန် ပြင်ဆင်ချက်ပြုတ်နေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်