Skip to main content

Jun 29, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော် ပိုရေးရှင်း (Russian State Atomic Energy Cooperation “Rosa - tom”) မှ ဒုတိယညွှန်ကြားရေး မှူးချုပ် Mr. Spasskiy Nikolay ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း "ROSATOM" နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2023

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2023

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ရောက်ရှိနေသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးလှမိုးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ရောက်ရှိပြီး ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ရှေးဟောင်းအမွေအနှစ်များနှင့် ပြကွင်းပြကွက်များကို လှည့်လည် ကြည့်ရှုလေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2023

ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း (Russian State Atomic Energy Cooperation “Rosatom”) မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Spasskiy Nikolay ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2023

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် (၉) ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅) ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2023

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီကာလမှစ၍ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲ အစွဲအမျိုးမျိုးတို့ကြောင့် တိုင်းရင်းသားလူမျိုးအချင်းချင်း လက်နက်စွဲ ကိုင်တိုက်ခိုက်သည့် မငြိမ်းချမ်းသောအဖြစ်များ ကြုံတွေ့လျက်ရှိသည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ မငြိမ်းချမ်းသည့်အကျိုးရလဒ်များကို တိုင်းရင်းသားပြည်သူများ ကြုံတွေ့ခံစားကြသည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2023

ငါးပုစွန်မျိုးများ မပြုန်းတီးစေရေး၊ မျိုးကောင်းမျိုးသန့်ငါးများ တည်တံ့တိုးပွားကာ ရေရှည်ထုတ်ယူစားသုံးနိုင်စေရေးတို့အတွက် ငါးသားပေါက်သည့် မိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် သက်ဆိုင်ရာကနှိုးဆော်လျက်ရှိသည်။ မိုးဦးကျဇွန်၊ ဇူလိုင်လတို့တွင် မြစ်ချောင်းအင်းအိုင်များ၌ သဘာဝအလျောက် ဥချသားပေါက်ကြမည့် အထီးအမငါးကြီးများ ဥချရန် နေရာရှာကာ ငါးရစ်တက်ကြသည်။ ယင်းကာလအတွင်း ဖမ်းဆီးခြင်းမပြုဘဲ ငါးများသားပေါက်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ငါးတစ်ကောင်မှ ထောင် သောင်းနှင့်ချီ၍ ငါးများ တိုးပွားလာနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2023

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌမစ္စတာ အန်နာသိုလီဘူးလော့ချ်နိကော့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရုံးအမှတ်-၁၉ ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၇-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၀၁၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၆၄) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2023

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌခွန်ထွန်းတင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌကျာဖူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း ယနေ့နံနက်ပိုင်းတွင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ဌာနဧည့်ခန်းမ၌တစ်ဖွဲ့ချင်းသီးခြားစီ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2023

စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာနှင့် လက်ပံတောကျေးရွာအနီး လက်နက်/ခဲယမ်းများနှင့်အတူ ခိုအောင်းနေသော အကြမ်းဖက်အဖွဲ့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန် ၂၅ ရက်နေ့တွင် တိုက်ခိုက်ချေမှုန်းခဲ့ရာ အလောင်းအချို့နှင့် လက်နက်မျိုးစုံ ၄၂ လက်၊ ကျည်မျိုးစုံ ၅၀၀၉ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် အချို့သော အကြမ်းဖက်သမားများသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး၍ စဉ့်ကိုင်ကျေးရွာအနီးတွင် အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းကာ ခိုအောင်း လျက် ရှိကြောင်း အကြမ်းဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များကယနေ့တွင် သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမား အလောင်းအချို့၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်း များအား ထပ်မံသိမ်း ဆည်း ရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2023

သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ဒေသများတွင် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက်တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မ​​တော်(ရေ)မှ ၅၆ မီတာ ကမ်းထိုးရေယာဉ် ၂ စီးသည် မြန်မာ့သစ်လုပ်ငန်းမှ သစ်ခွဲသား ဆိုဒ်စုံ ၁၃၆၁၃ ချောင်း စုစုပေါင်း ၂၀၀ တန်ခန့်အား တောင်ကုတ်မြို့၌တင်ဆောင်၍ ရသေ့တောင်သို့ ယနေ့ညနေပိုင်းတွင် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2023

 နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံများ၌အလုပ်သမားများ စုဝေးဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်စေရန်အတွက် တရားဝင်ဖွဲ့စည်းထားခြင်းမဟုတ်သော အဖွဲ့အစည်းအဖြစ် နိုင်ငံတော်မှကြေညာထားသည့် Action Labour Right အမည်ခံအဖွဲ့မှ သူရိန်အောင်ခေါင်းဆောင်၍ သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2023

ကယားပြည်နယ်အတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တောင်လှစခန်း၊ မယ်တနွယ်စခန်း၊ ဘီပီ-၁၄ စခန်း၊ မယ်စဲ့ စခန်းနှင့် နမ်ပေါင် စခန်းတို့အား KNDF နှင့် KNPP အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တို့က အင်အားစုအလုံးအရင်းဖြင့် ဇွန် ၁၃ ရက်မှ ၁၉ ရက်အထိ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဇွန် ၁၆ ရက်တွင် ပန်တိန်းဒေသရှိ တပ်မတော်ကွပ်ကဲမှုအောက် အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်သည် ဆက်သွယ်မှုများ ပြတ်တောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H. E. Dr. Nikolay Listopadov အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်