နေပြည်တော် ဩဂုတ် ၇
နည်းပညာတက္ကသိုလ် (မကွေး) တက္ကသိုလ်အဝင်လမ်း ပြင်ဆင်ဆောင်ရွက်နေမှု၊ တက္ကသိုလ်အတွင်း အခြေခံအဆောက်အအုံ တည်ရှိနေမှုအပေါ်မူတည်၍ တိုးချဲ့ ဖွင့်လှစ်နိုင်မည့် အခြေအနေ၊ မြေနေရာရရှိနိုင်မှု၊ တက္ကသိုလ်စာကြည့်တိုက်နှင့် Recreation Centre တည်ဆောက်နိုင်မည့် အခြေအနေတို့ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အတူ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
တွေ့ဆုံဆွေးနွေး
ထို့ပြင် အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး) နှင့် ကွန်ပျူတာတက္ကသိုလ် (မကွေး) တို့ရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး အဆိုပါတက္ကသိုလ်များရှိ တာဝန်ခံများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ယနေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (မကွေး)၊ အစိုးရစက်မှုလက်မှု သိပ္ပံ (ရေနံချောင်း) နှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ (ကျောက်ပန်း တောင်း)တို့ရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံ၊ စာကြည့်တိုက်၊ ဘောလုံးကွင်း၊ ကျောင်းသား ကျောင်းသူများ၏ ဘာသာရပ်နယ်ပယ်အလိုက် လက်တွေ့ဆောင်ရွက်နေမှုနှင့် ပရောဂျက်များ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
