Skip to main content

လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

လေးမျက်နှာ ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရေဘေးကယ်ဆယ်‌ရေးစခန်း(၉)ခုတွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဇလွန်တို့မှ ကျန်းမာရေးဝန်ထမ်းများက ရေဘေးကယ်ဆယ်ရေးစခန်း(၉)ခုတွင် အဖွဲ့များခွဲ၍ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေးစခန်း(၉)ခုတွင် ယမန်နေ့က အအေးမိလူနာ(၅)ဦး၊ ဖျားနာလူနာ(၂)ဦး၊သွေးတိုးလူနာ(၄၃) ဦး၊ ထိခိုက်ဒဏ်ရာရသူ(၂)ဦး၊ ဆီးချိုသွေးချိုရောဂါ (၂) ဦးနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုခံယူသူ (၁၃၄) ဦးတို့အား ဆေးကုသပေးခဲ့ပြီး ရေကြီးချိန်တွင်ဖြစ်ပွားတတ်သည့်ရောဂါများနှင့် ကာကွယ်ရန် နည်းလမ်းများအကြောင်း အသိပညာပေးပြောကြားခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)