Skip to main content

၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် ဓာတ်အားလိုင်း ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်နှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်

နေပြည်တော် သြဂုတ် ၁

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့ဧရိယာများသို့ ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် ၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် အမှတ် (၁+၂) ဓာတ်အားလိုင်းတစ်လျှောက် လိုင်းအသေးစိတ်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ တာဝါတိုင်အမှတ် (၃၊ ၁၇၊ ၅၁၊ ၅၃၊ ၇၃) တာဝါ (၅) တိုင်တွင် Jumper ကြိုးများ ကြိုးလွန်းဖွာနေခြင်း၊ ကြွေသီးတွဲများ ကွဲနေခြင်းနှင့် Arching Horn များ မီးပန်းထားသည်ကို စစ်ဆေးတွေ့ရှိရပါသဖြင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဓာတ်အားစနစ် တည်ငြိမ်မှုကို မြှင့်တင်နိုင်ပြီး မလိုလားအပ်သည့် ဓာတ်အားပြတ်တောက်မှုများကို ကာကွယ်နိုင်မည်ဖြစ်သောကြောင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၂၆ ခုနှစ် သြဂုတ် ၂ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း ရေပေါင်းဆုံနှင့် ယင်းမာပင်မြို့နယ်များတွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်