Skip to main content

Hyundai ASEAN Championship 2026 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း ယှဉ်ပြိုင်မှု တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဇူလိုင် ၂၆

Hyundai ASEAN Championship 2026 အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းပါဝင်သည့် အုပ်စု (B) ပွဲစဉ်များအနက် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းတို့၏ အုပ်စုအဆင့်ပွဲစဉ်ကို ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီခွဲတွင် ဖိလစ်ပိုင်နိုင်ငံ ကာပက်စ်မြို့ရှိ နယူးခလက်ခ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှ စတင်၍ MRTV HD Channel နှင့် MRTV Sports Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည် ဖြစ်သည်။

သတင်းစဉ်