ရန်ကုန် ဇူလိုင် ၂၆
၂၀၂၆-၂၀၂၇ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲများကို ယနေ့တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပလျက်ရှိရာ အမျိုးသား (၅၈-၆၃) ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဘုန်းထွဋ်အောင်က ပထမ၊ ရခိုင်ပြည်နယ်မှ ဖြိုးထူးကျော်က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အောင်မျိုးမင်းနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ဟိန်းထွဋ်စံတို့က ပူးတွဲတတိယရရှိခဲ့သည်။
အမျိုးသား (၄၅-၄၈) ကီလိုတန်းပြိုင်ပွဲတွင် ထင်အောင်လင်း (ရန်ကုန်) က ပထမ၊ လင်းထက်အောင် (ရခိုင်) က ဒုတိယ၊ မြင့်မြတ်ကိုကို (ဧရာဝတီ) နှင့် လင်းနိုင်ဦး (ကယား) တို့က ပူးတွဲတတိယဆုဖြင့် လည်းကောင်း၊ (၅၄-၅၈) ကီလိုတန်းပြိုင်ပွဲတွင် စောရန်ထူး (မန္တလေး) က ပထမ၊ စံလင်း (ကရင်) က ဒုတိယ၊ ကျော်ဇေယျာဖြိုး (ကယား) နှင့် နေစိုးရှိန် (ရခိုင်) တို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊ (၆၃-၆၈) ကီလိုတန်းတွင် ထက်မြတ်နိုင် (ရှမ်း) က ပထမ၊ လွင်မျိုးခန့် (ကယား) က ဒုတိယ၊ လင်းဆက်ပိုင် (ချင်း) နှင့် ထက်မြတ်အောင် (ဧရာဝတီ) တို့က ပူးတွဲတတိယဆုကို အသီးသီးရရှိခဲ့ကြသည်။
အမျိုးသမီး (၄၆-၄၉) ကီလိုတန်းပြိုင်ပွဲတွင် သဉ္ဇာကျော် (ကယား) က ပထမ၊ မိုးပြည့်စုံ (ကရင်) က ဒုတိယ၊ မေရတနာအောင် (မန္တလေး) နှင့် ခင်ငြိမ်းသူ (ရန်ကုန်) တို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊ (၅၃-၅၇) ကီလိုတန်းပြိုင်ပွဲတွင် မေမြတ်နိုး (ရန်ကုန်) က ပထမ၊ ခင်ငြိမ်းငြိမ်းဇော် (တနင်္သာရီ) က ဒုတိယ၊ မေသဇင်ကျော် (ဧရာဝတီ) နှင့် ကြယ်စင်လင်းသူ (ရခိုင်) တို့က ပူးတွဲတတိယဆုကို ရရှိခဲ့ကြောင်း သိရသည်။
နေမျိုး၊ ဓာတ်ပုံ-နိုင်လင်း
