Skip to main content

ပြည်သူ့ကျန်းမာရေး သားဖွားမီးယပ်အရေးပေါ်အခြေအနေ၌ မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်ရေး အွန်လိုင်းမှ ဆွေးနွေးမည်

ရန်ကုန် ဇူလိုင် ၂၆

ဆေးရုံ၊ ဆေးခန်းများနှင့် ပြည်သူလူထုအတွင်း သားဖွားမီးယပ်အရေးပေါ်အခြေအနေများတွင် လျင်မြန်မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်ရန် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌနှင့် အတွေ့အကြုံရှိ သူနာပြုဆရာမကြီးများက တန်ဖိုးရှိသော ဗဟုသုတများကို မျှဝေဆွေးနွေးပေးသွားမည့် Webinar ကျင်းပသွားမည်ဟု မြန်မာနိုင်ငံသူနာပြုနှင့်သားဖွား​ကောင်စီမှ သိရသည်။

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွား​ကောင်စီက ဦးစီးကျင်းပသော သူနာပြုသားဖွားများအတွက် CPD(3) points ရရှိမည့် တိုက်ရိုက်အွန်လိုင်းထုတ်လွှင့်မှု (Live Webinar) တစ်ခုကို ဇူလိုင် ၃၀ ရက်မွန်းလွဲ ၁ နာရီတွင် Z-waka application နှင့် Zoom platform တို့ပေါ်တွင် Decision-Making on Obstetric Emergencies for Nurses and Midwives in Clinical Settings ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဟု အသိပေးထားသည်။

ဤ Webinar တွင် သူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က "Identifying High-Risk Pregnancies in the Community: Initial Assessment, Birth Planning & Referral Decisions" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်ဗဟိုအမျိုးသမီး​ဆေးရုံကြီးမှ သူနာပြုဆရာမကြီး ဒေါ်ပန်းအိခိုင်က "Pre-eclampsia and Eclampsia: Severity Assessment, Nursing Management & Case-Based Clinical Decision-Making" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်း သူနာပြု ဒေါ်ဆွေစိုးမာက "Case-Based Assessment and Hospital Nursing Management on Placenta Previa" ​ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစီအစဉ်ကို Z-waka app တွင် စာရင်းသွင်းရန်လင့်ခ်မှ စာရင်း ပေးသွင်းနိုင်ပြီး Announcement Poster တွင် ပါဝင်သော Zoom QR code အား Scan ဖတ်၍ဖြစ်စေ၊ Zoom ID, Passcode ရိုက်ထည့်၍ဖြစ်စေ၊ Zoom link ကို နှိပ်၍ဖြစ်စေ ဝင်ရောက်ပြီး စာရင်းသွင်းကာ တက်ရောက်နားထောင်နိုင်ကြောင်း သိရသည်။

Webinar အတွက် CPD point ရယူလိုပါက KBZ pay - 09 - 448 542329 သို့ CPD (3) points အတွက် ငွေကျပ် ၃၀၀၀ ပေးသွင်း၍ ငွေဖြတ်ပိုင်းကို 09-420722496 သို့ မှတ်ချက်တွင် တက်ရောက်မည့် ပွဲအမည်၊ နေ့ရက်စသည်တို့ကို ပြည့်စုံစွာရေး၍ ပေးပို့ရန် ဖော်ပြထား သည်။ Z-waka App အကောင့် မှတ်ပုံတင်ပြုလုပ်ခြင်း၊ အသုံးပြုခြင်းများတွင် အဆင်မပြေမှုတစ်စုံတစ်ရာရှိပါက Z-waka ၏ ရုံးဖုန်းနံပါတ် ၀၉-၄၂၄၅၉၆၃၀၀ ကို ရုံးဖွင့်ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ခေါ်ဆိုမေးမြန်းနိုင်ကြောင်း သိရသည်။

MT