နေပြည်တော် ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရခိုင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးသက်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) ၌ နည်းပညာတက္ကသိုလ် (စစ်တွေ)၊ ကွန်ပျူတာ တက္ကသိုလ် (စစ်တွေ) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ) တို့ရှိ ကျောင်းသား ကျောင်းသူများနှင့် သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားနေသော သင်ကြားသင်ယူမှုအခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် စပ်လျဉ်း၍ မှာကြားပြီး ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားသည်။
ထို့နောက် နည်းပညာတက္ကသိုလ် (စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ) တို့မှ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများနှင့် တွေ့ဆုံရာ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးတို့က ကျောင်းဆိုင်ရာကိစ္စရပ်များ၊ စီမံရေးရာကိစ္စရပ်များ၊ ဘဏ္ဍာရေးရာကိစ္စရပ်များကို တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ စာသင်ခန်းများနှင့် ကွန်ပျူတာခန်းများတွင် စာတွေ့လက်တွေ့ သင်ကြားသင်ယူဆောင်ရွက်နေသော ကျောင်းသား ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံအားပေးစကားပြောကြားသည်။
ယင်းနောက် နည်းပညာတက္ကသိုလ် (စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ) တို့မှ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများထံ စားသောက်ဖွယ်ရာများ၊ ဆေးဝါးများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
