ရန်ကုန် ဇူလိုင် ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (ရန်ကုန်) မှ အရာထမ်းများနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
သတင်းမှန်သိရှိစေရေး ရှာဖွေဖော်ပြ
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့်အခြေအနေများကို မျက်စိဖွင့်၊ နားစွင့်ပြီး သတင်းများဖော်ပြရာ၌ သမားရိုးကျထက် ခေတ်ကာလနှင့်အညီ ရေးသားဖော်ပြရန် လိုအပ်ကြောင်း၊ အမှားအယွင်းကင်းစင်စေရန်နှင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများကို အမြဲမပြတ်လေ့လာသိရှိနေရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ပုံနှိပ်မီဒီယာအပေါ် အလေးထားပါကြောင်း၊ ပြည်သူလူထုအား သတင်းမှန်သိရှိစေရေး ရှာဖွေဖော်ပြပေးသွားရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် တာဝန်ရှိသူများက သတင်းစာထုတ်လုပ်ဖြန့်ချိနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
သတင်းစဉ်