နေပြည်တော် ဇူလိုင် ၁၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းပျက်စီးမှုများ ပြုပြင်ရေးလုပ်ငန်းများ၊ လေ့ကျင့်ရေးရေကူးကန်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Max Myanmar Co.,Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ပြုပြင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် မော်တော်ယာဉ်ပတ်လမ်းများတွင် မြေကျွံပျက်စီးနေမှုများ ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ လေ့ကျင့်ရေးရေကူးကန်ကြမ်းခင်းကျွံကျနေမှု၊ အုတ်နံရံပြိုကျနေမှုနှင့် ရေသန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများ ရေကူးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေရန်နှင့် ရေကူးသင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ရန် ရေကူးကန်အား အမြန်ဆုံးဦးစားပေးပြုပြင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်