Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှု လိုက်လံကြည့်ရှုအားပေး

နေပြည်တော် ဇွန် ၂၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပီတန်းအားကစားနည်းမှ ပဏာမလက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများ၏ လေ့ကျင့်နေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများ၏ လေ့ကျင့်နေမှုများကိုလည်းကောင်း၊ လက်ဝှေ့လေ့ကျင့်ရေးရုံတွင် ပဏာမလက်ရွေးစင်လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးကာ အုပ်ချုပ်သူများနှင့် နည်းပြများအား အားကစားနည်းအလိုက် နည်းစနစ်ပိုင်းများကို လေ့ကျင့်အပြီး ကုန်ခန်းသွားသည့် အားအင်များကို ပြန်လည်ဖြည့်တင်းပေးရန်နှင့် လိုအပ်သည့်အာဟာရပြန်ပြည့်ဝအောင် ကျွေးမွေးသင့်သည့် အစားအစာများ၊ ဓာတ်ဆားရည်/ အားဖြည့်ဖျော်ရည်များနှင့် တိုက်ကျွေးရန်လိုအပ်မည့် အားဆေးအမျိုးအစားများကို (Sports Nutration) နှင့်အညီ သတ်မှတ်ကယ်လိုရီအတိုင်း ကျွေးမွေးနိုင်စေရေးအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး ပြန်လည်တင်ပြရန် ကိစ္စရပ်များကိုလည်းကောင်း၊ အားကစားသမားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး၊ လေ့ကျင့်မှုမတိုင်မီနှင့် လေ့ကျင့်မှုပြီးဆုံးချိန်များတွင် သွေးပူလေ့ကျင့်ခန်းနှင့် အကြောလျှော့လေ့ကျင့်ခန်းများကို ထိထိရောက်ရောက်ပြုလုပ်စေရေးနှင့် အားကစားနည်းအလိုက်လိုအပ်သည့် လေ့ကျင့်ရေးအသုံးအဆောင်များနှင့် အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။                         

သတင်းစဉ်