Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရန်ကုန်တိုင်းဒေသကြီး နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်နှင့် ပုသိမ်ခရိုင်တို့ရှိ တက္ကသိုလ်များနှင့် ကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် မေ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိ နည်းပညာတက္ကသိုလ် (မှော်ဘီ) နှင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်နှင့် ပုသိမ်ခရိုင်တို့ရှိ POLYTECHNIC UNIVERSITY (MAUBIN) ၊ အစိုးရ နည်းပညာအထက်တန်းကျောင်း (မအူပင်)၊ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၊ နည်းပညာတက္ကသိုလ် (ပုသိမ်) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မေ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ် (မှော်ဘီ) သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တက္ကသိုလ်အနေဖြင့် အရည်အချင်းပြည့်မီသော၊ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာတတ်သော၊ သုတေသနပြုမှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် နိုင်ငံအကျိုးပြု အင်ဂျင်နီယာပညာရှင်များ၊ ဗိသုကာပညာရှင်များအား မွေးထုတ်ပေးရန် မှာကြားကာ မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် သက်ရောက်မှုများရှိသည့် ပင်မဆောင်ရှိ စာသင်ခန်းများနှင့် အဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မေ ၁၆ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ခရိုင်တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ POLYTE-CHNIC UNIVERSITY(MAUBIN)ရှိ Facluty of Computing Faculty of Engineering နှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း (မအူပင်) သို့ သွားရောက်ရာပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတို့က ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောင်ရွက်ထားရှိမှုကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး စာသင်ခန်းများ၊ ကွန်ပျူတာခန်းများနှင့် Lab ခန်းများ၊ ICT နည်းပညာများကို အသုံးပြု၍ LMS စနစ်ဖြင့် သင်ကြားသင်ယူမှုဆောင်ရွက်နိုင်မည့် အခြေအနေ၊ အလုပ်ရုံနှင့် ဘာသာရပ်ဌာနအလိုက် သင်ထောက်ကူပစ္စည်းများ စီစဉ်ထားရှိမှုများ၊ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (ပုသိမ်) သို့ ရောက်ရှိ ကာ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဒေသတွင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အမှန်တကယ်အထောက်အကူပြုမည့် ကျင့်ဝတ်နှင့် ပြည့်စုံသော ကွန်ပျူတာပညာရှင်များကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။

မေ ၁၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ နည်းပညာတက္ကသိုလ် (ပုသိမ်) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) တို့သို့ သွားရောက်၍ ပင်မဆောင်၊ စာသင်ဆောင်များ၊ ကွန်ပျူတာခန်း၊ Lab ခန်းများ၊ အလုပ်ရုံများ၊ ဘောလုံးကွင်း၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များကို စစ်ဆေးပြီး ဒုတိယပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ပုသိမ်) စီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်