Skip to main content

အာဆီယံဟွန်ဒိုင်းဖလား အုပ်စု (A)ပွဲစဉ်များအဖြစ် ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် တီမောအသင်းတို့ ယနေ့ယှဉ်ပြိုင်မည်

ရန်ကုန် ဇူလိုင် ၃၀

အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ၏ အုပ်စု(A)တတိယနေ့ပွဲစဉ်များကို ဇူလိုင် ၃၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်အသင်းနှင့် စင်ကာပူအသင်းပွဲစဉ်ကို ဗီယက်နမ်နိုင်ငံ၌လည်းကောင်း၊ အင်ဒိုနီးရှားအသင်းနှင့် တီမောအသင်းပွဲစဉ်ကို ထိုင်းနိုင်ငံ၌လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းသည် အုပ်စု(A)ပထမနေ့ပွဲစဉ်တွင် တီမောအသင်းကို ခုနစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားပြီး ဘောလုံးထိန်းချုပ်မှုနှင့် တိုက်စစ်ဆင် ကစားမှုများတွင် အလွန်စနစ်ကျကာ ခံစစ်ပိုင်းကျစ်လျစ်မှုရှိသည့် အသင်းတစ်သင်းဖြစ်သည်။ ယနေ့ပွဲစဉ်တွင် စင်ကာပူအသင်းကို အနိုင်ရရှိပါက ဂိုးကွာခြားချက်ဖြင့် အုပ်စု(A)၏ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်မည်ဖြစ်သည်။

စင်ကာပူအသင်းသည် ကမ္ဘောဒီးယားနှင့် တီမောအသင်းတို့ကို အနိုင်ရရှိထားကာ ရမှတ် ၆ မှတ်ဖြင့် ဦးဆောင်နေပြီး ယနေ့ပွဲစဉ်တွင် ဗီယက်နမ်အသင်းကို သရေရလဒ်ကစားနိုင်ရုံဖြင့် အုပ်စုပထမနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

နေမျိုး

ဓာတ်ပုံ-AFF