နေပြည်တော် နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကို ယနေ့တွင် Naypyitaw State Polytechnic University ၌ ကျင်းပရာ မွန်းလွဲပိုင်းတွင် Engineering Education and Technology Forum ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ တာဝန်ခံဝန်ကြီးဌာနဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယကအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာဥက္ကဋ္ဌ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အင်ဂျင်နီယာအသင်းများအဖွဲ့ချုပ် (The Federation of Engineering Institutions of Asia and the Pacific- FEIAP) ဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဒေါက်တာအောင်ကျော်မြတ်တို့က keynote speech ပြောကြားကြသည်။
ဆက်လက်၍ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အင်ဂျင်နီယာအသင်းများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Ir. Dr Tan Yean Chin က Keynote Speech ၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အင်ဂျင်နီယာအသင်းများအဖွဲ့ချုပ် ပညာရေးကော်မတီဥက္ကဋ္ဌ Prof. Dr. Chuah Hean Teik မလေးရှားက ဂုဏ်ပြု ဝမ်းမြောက်စကား ပြောကြားခဲ့ကာ Chair of Committee on Engineering for Innovative Technologies (CEIT), World Federation of Engineering Organization (WFEO) - Prof. Dr. Norlida Buniyamin, မလေးရှားက ချီးကျူးဂုဏ်ပြုစကားများကို Video Clip များဖြင့် ပြောကြားကြသည်။
ယင်းနောက် “အင်ဂျင်နီယာပညာစွမ်းအားနဲ့ ပိုမိုတောက်ပသော မြန်မာ့အနာဂတ်ကို အတူတကွ ဖန်တီးတည်ဆောက်ကြပါစို့” ခေါင်းစဉ်ဖြင့် Pannel Session ကျင်းပရာ The Federation of Engineering Institutions of Asia and the Pacific - FEIAP နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်၊ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ Engineering Education and Accreditation Committee -EEAC ဥက္ကဋ္ဌ ဒေါက်တာဇော်မင်းအောင်၊ နည်းပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီနှင့် Moscow Engineering physics Institute မှ Associate Professor Dr. Pliaskin Aleksandr Vladis-lavovich တို့က Pannel Session တွင် ပါဝင်ဆွေးနွေးကြသည်။
ထို့နောက် Forum Parallel Session များတွင် အနာဂတ်အင်ဂျင်နီယာပညာရေး (The Future of Engineering Education)၊ နိုင်ငံတော် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်ဂျင်နီယာများ၏ အခန်းကဏ္ဍ (The Role of Engineers for Myanmar’s Sustainable Development)၊ စွမ်းအင်လုံခြုံမှုအတွက် အစိမ်းရောင်စွမ်းအင်မှ ပံ့ပိုးပေးနိုင်မှု (Green Energy to support Energy Security)၊ နောက်ဆုံးပေါ် နည်းပညာဖွံ့ဖြိုးမှုအရွေ့များ (Most Advanced Technology Trends) နှင့် ဒစ်ဂျစ်တယ်ကူးပြောင်းမှုမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုဆီသို့ (Digital Transformation towards the National Development) ဟူသည့် ခေါင်းစဉ် (၅) ခုဖြင့် ကျင်းပလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ အင်ဂျင်နီယာပညာရေးအပေါ် ပိုမိုစိတ်ဝင်စားမှုအားကောင်းလာစေရန် Engineering Festival, Project Show နှင့် Product Show များလည်း ထည့်သွင်းကျင်းပသည့်အပြင် Hackathon ပြိုင်ပွဲ၊ e-sport ပြိုင်ပွဲများ၊ Quiz အစီအစဉ်များ၊ Engineering Battle ပြိုင်ပွဲများ တစ်ပြိုင်နက်တည်း ကျင်းပကြောင်း သိရှိရသည်။
သတင်းစဉ်