Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့မှ Senior Fund Portfolio Manager Ms. Maria Izaskun Gaviria Ayucar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (The Global Fund) မှ Senior Fund Portfolio Manager Ms. Maria Izaskun Gaviria Ayucar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၂၄-၂၀၂၆ ခုနှစ်အတွက် ဝန်ကြီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (The Global Fund) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် တီဘီရောဂါ၊ ခုခံကျကာလသားရောဂါနှင့် ငှက်ဖျားရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ခုခံကျကာလသားရောဂါတိုက်ဖျက်ရေးဆေးဝါးများနှင့် တီဘီရောဂါကုသရေးဆေးဝါးများ ဝယ်ယူပေးလျက်ရှိသည့်အခြေအနေများနှင့် ဆေးဝါးများလုံလောက်မှုရှိစေရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များ၊ ရန်ပုံငွေသုံးစွဲမှုများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ပေးနေသည့်အခြေအနေများ၊ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တက်ရောက်

ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ The Global Fund မှကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်