Skip to main content

နိုင်ငံရေးပါတီတည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၁၁

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP)သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ယနေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားခဲ့သည်။

ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၁၈ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ၊ စုစုပေါင်း ၆၈ ပါတီရှိပြီဖြစ်သည်။ ယခုလျှောက်ထားသည့်အဖွဲ့အား ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်