Skip to main content

Asia Buddhist Summit 2024 အစည်းအဝေးသို့ သီတဂူအဓိပတိဆရာတော်ကြီး တက်ရောက်

နယူးဒေလီ နိုဝင်ဘာ ၆

International Buddhist Confe-deration ၏ ဖိတ်ကြားချက်အရ အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးသည် ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာအနှံ့ပြန့်ပွားစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အသောကဟိုတယ်၌ ကျင်းပသော ပထမအကြိမ် Asia Buddhist Summit 2024 သို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံသမ္မတ ယဉ်ကျေးမှုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနှင့် နိုင်ငံပေါင်း ၃၀ ကျော်မှ ဖိတ်ကြားထားသော ဘာသာရေးခေါင်းဆောင်များ၊ ပါမောက္ခများ၊ ပညာရှင်များ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်ကြသည်။

ရှေးဦးစွာ သီတဂူအဓိပတိဆရာတော်ကြီးက ဘုရားပန်းကပ်ခြင်း၊ ဆီမီးထွန်းခြင်းများပြုလုပ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ဆရာတော်ကြီးက Recognition of Pali as a Classical Indian Language အကြောင်း မိန့်ခွန်းပြောကြားပြီး ညနေပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ် 

ဓာတ်ပုံ - Sitagu Aung Than Win.