Skip to main content

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌာရသမအစည်းအဝေး ကျင်းပမည်

နေပြည်တော် နိုဝင်ဘာ ၁

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌာရသမအစည်းအဝေးကို ၁၃၈၆ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၃၊ ၄၊ ၅၊ ၆ ရက် (၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈၊ ၁၉၊ ၂၀၊ ၂၁ ရက်) တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တို့တွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် တန်ဆောင်မုန်းလပြည့်ကျော် ၇၊ ၈ ရက် (နိုဝင်ဘာ ၂၂၊ ၂၃ ရက်) သောကြာ၊ စနေနေ့တို့တွင် အဋ္ဌာရသမအစည်းအဝေးကြီး ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသည် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် (နိုဝင်ဘာ ၁၇ ရက်) တနင်္ဂနွေနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။

ပင့်လျှောက်စာများ အချိန်မီမရောက်ရှိပါကလည်း အဆိုပါနေ့ရက်များအတိုင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူကြပါရန် ပင့်လျှောက်အပ်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

သတင်းစဉ်