Skip to main content

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၁

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၄-၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီသို့ ဝန်ကြီးဌာနများက တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း အမှာစာများကို အတည်ပြုဆွေးနွေးကြမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသို့ တင်ပြသည့်အမှာစာများတွင် စက်မှုစတုတ္ထမျိုးဆက်ဖြစ်သည့် ကွန်ပျုတာ နှင့် ဆက်စပ်ပစ္စည်းများ၊ ဆက်သွယ်ရေးနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ ပါဝင်လာသဖြင့် နိုင်ငံတော်အတွက် အကျိုးရှိထိရောက်စေရန် စိစစ်စစ်ဆေးနိုင်ရေးအတွက် ကော်မတီဝင်များပါ လုပ်ထုံးလုပ်နည်းရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ကော်မတီအနေဖြင့် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်သည့် စီမံကိန်းများအား အကျိုးရှိထိရောက်စေရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ပစ္စည်းများ ဝယ်ယူအသုံးပြုလျှင် နည်းပညာများ ရရှိရေးအတွက်ပါ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်ကောင်းမွန်သည့် အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဝန်ကြီးဌာနများကတင်ပြသည့် အမှုတွဲလေးစောင်ကို သက်ဆိုင်ရာကော်မတီဝင်နှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်