Skip to main content

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် ဝန်ကြီးဌာနပိုင် အားကစားကွင်းများတွင် ဆက်လက်ကျင်းပယှဉ်ပြိုင်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများ၊ ကျောင်းသားများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

(အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် အစိုးရစက်မှု လက်မှုသိပ္ပံ(နေပြည်တော်)၌ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး (အမျိုးသား) ဘော်လီဘောဗိုလ်လုပွဲ ပွဲစဉ်ကို ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အားကစားလေ့ကျင့်ရေးခန်းမ(၁)၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြကာ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန အသင်း(က)က အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ညွှန်ကြားရေးမှူးချုပ်များက ပထမဆုရရှိသည့် အသင်းနှင့် ဒုတိယဆု ရရှိသည့်အသင်းတို့မှ ကစားသမားများကို တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသား ဆုကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ပထမဆုရရှိသည့် အသင်းအားငွေသားဆုနှင့် တံခွန်စိုက်ဖလား ဆုကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး(ဝဲပုံ) နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်း နှီးနှီးနှုတ်ဆက်ကာ ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်