နေပြည်တော် အောက်တိုဘာ ၃၁
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုင်ဖွန်းမုန်တိုင်း(ရာဂီ)ဒဏ်ကြောင့် ရေဘေးသင့်ခဲ့သည့် မြို့နယ်များတွင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားများကို အောက်တိုဘာ ၃၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကျင်းပခဲ့သည်။
တက်ရောက်
အခမ်းအနားများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး / ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ပေးအပ်ချီးမြှင့်
အခမ်းအနားများတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက ဂုဏ်ပြုအမှာစကားပြောကြားကြပြီး တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
သတင်းစဉ်